ပရဟိတအလုပ်တွေကို အဆက်မပြတ် လုပ်ကိုင်နေတဲ့ မင်းသားဝေဠုကျော်ကတော့ လက်ရှိမြန်မာ့အရေးမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲဖြစ်ပါတယ်။သူကတော့ ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင်ထားကာ အမှန်တကယ် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီ ကိုယ်တိုင် သွားရောက် လှူဒါန်းနေတာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်လေးစားနေကြတာပါ ။
ခုလို ကိုဗစ်ရောဂါတွေ အပြင်းအထန် ဖြစ်ပွားနေချိန်မှာလည်း အောက်ဆီဂျင်အိုးများကို သူရဲ့ ပရဟိတ အသင်းကနေ တစ်ဆင့်လိုအပ်သူတွေကို ကူညီပေးလျက်ရှိပါတယ် ။ ဒါအပြင် ပိုးသတ်ဆေးများကိုလည်း ကိုယ်တိုင် လိုက်ဖျန်းပေးနေသလို ပိုသတ်ဆေး လိုအပ်တဲ့ နယ်မြို့တွေကိုလည်း လှူဒါန်းပေးနေတာတွေ့ရပါတယ် ။
မကြာခင်နာရီပိုင်းလောက်ကလည်း ခုလိုကာလမှာ ကိုဗစ်ရောဂါ ဖြစ်ပွားနေတဲ့ အိမ်တွေနဲ့ အလံ အဝါ အဖြူထောင်ထားတဲ့ အိမ်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးများ လှူဒန်းပေးမယ့်အကြောင်းကို ” ကိုဗစ်ကာလ စားသောက်ရေး ကြပ်တည်းကြသူများထဲ အကုန်လုံးမလှူပေးနိူင်လို့ တစ်မိသားစုလုံး ကိုဗစ် P ဖြစ်ပြီး အဆင်မပြေ၊ အလုပ်မလုပ်နိူင်ကြတယ့်
အလံဖြူ အလံဝါ အဆင့် နွမ်းပါးပြည်သူမိသားစုများသို့ ဆန် စားနပ်ရိက္ခာ၊ mask ဆေးဝါး ၊အာဟာရတို့ တတ်နိူင်သလောက် လှူဒါန်းပေးပါမယ်။ ဝိုင်းဝန်း လှူဒါန်းပေးကြမယ့် အလှူရှင်များလည်း ဖိတ်ခေါ်သလို အနီးနားက Pဖြစ်ပြီး မဆင်မပြေတယ့် အိမ်များရှိရင်လည်း လမ်းညွှန်ပေးကြအုံးခင်ဗျ။ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
CRD – Cele Zonemdatenews
mdatenews