ဝရမ်းပြေးတစ်ယောက်ဖြစ်နေတဲ့ သူမဘယ်လိုဒုက္ခတွေရောက်နေတဲ့အကြောင်းပြောပြလာတဲ့ ဖြူဖြူကျော်သိန်း

 

အဆိုတော်ဖြူဖြူကျော်သိန်းကတော့အမိုက်စား အသံပါဝါနဲ့အတူတေးသီချင်းကောင်းများစွာကိုတီဆိုထားပြီးပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

 

 

ဖြူဖြူကျော်သိန်းကဗဟုသုတရတဲ့ စကားများကိုမကြာခဏဆိုသလိုပြောပြလေ့ရှိပြီးသူမရဲ့လူမှုကွန်ယက်ထက်မှာလဲရေးသားဖော်ပြလေ့ရှိပါတယ်၊ဖြူဖြူကျော်သိန်းကသူမရဲ့ခံစားချက်အချို့ကိုလဲမကြာ မကြာသူမရဲ့Instagramအကောင့်မှာရေးသားဖော်ပြလေ့ရှိပါသေးတယ်နော်။

 

 

ဖြူဖြူကျော်သိန်းကတော့တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့အမှုဖွင့်ထားခြင်းခံရတာကြောင့်ဘေးကင်းရာကိုရှောင်းတိမ်းနေရပါတယ်၊အခုတစ်ခါမှာဆိုရင်လဲဖြူဖြူကျော်သိန်းကဝရမ်းပြေးဘဝမှာသူမဘယ်လိုနေထိုင်နေတယ်ဆိုတာကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ဖြူဖြူကျော်သိန်းကကိုယ့်အသံကြီးကမှတ်မိလွယ်တော့ဝရမ်းပြေးအဆိုတော်ဘဝမှာ သီချင်းအော်ဆိုဖို့မပြောနဲ့၊စကားတောင်ကျယ်ကျယ်မပြောရဲဘူး။

 

 

ပရိတ်သတ်အကြိုက်HighPitchတွေဆိုကျင့်ဖို့မပြောနဲ့၊သီချင်းလေးတစ်ပုဒ်စဆုံးကျယ်ကျယ် ဆိုချင်ရင်တောင်မိုးသည်းတဲ့နေ့ကိုမျှော်ပြီးမိုးချုန်းသံတွေကိုအကာအကွယ်ယူဆိုရတာ၊တော်ကြာဘေးဘီကကိုယ်မှန်းမှတ်မိပြီးသွားတိုင်လိုက်ရင်ဖမ်းခံရမစိုးလို့လေ၊

 

 

ကိုယ် နဲ့ဘဝတူမောင်နှမတွေအားလုံးလည်းရှိတဲ့နေရာမှာကျန်းမာလုံခြုံဘေးကင်းကြပါစေဆိုပြီးတော့သူမရဲ့Instagramအကောင့်မှာရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

 

 

CRD:Cele Platformmdatenews

mdatenews