တစ်ခါတစ်လေမှရောက်ဖြစ်တဲ့ မိခင်ကြီးအိမ်ကို iguana(အီဂွားနား)ကောင်ခေါ်သွားပြီးစနောက်လို့ မောင်းထုတ်ခံနေရတဲ့ ပိုင်တံခွန်ရဲ့ဗွီဒီယို
တစ်ခါတစ်လေမှရောက်ဖြစ်တဲ့ မိခင်ကြီးအိမ်ကို iguana(အီဂွားနား)ကောင်ခေါ်သွားပြီးစနောက်လို့ မောင်းထုတ်ခံနေရတဲ့ ပိုင်တံခွန်ရဲ့ဗွီဒီယို
ချစ်လှစွာသော ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားချောတစ်လက်ပဲ ဖြစ်ပါတယ် ။
ပိုင်တံခွန်ကတော့ ရိုးသားပြီး ပွင့်လင်းကာပျော်ပျော်နေတတ်တဲ့သူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်.. ။ ပိုင်တံခွန်သာမက သူ့ရဲ့မိသားစုဝင်တွေကလည်း
ပျော်ပျော်နေတတ်ပြီး သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ ချစ်စရာမိသားစုလေးပါ ။ ဒီနေ့မှာလည်း ပိုင်တံခွန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေလာခဲ့ပါတယ် ။
ပိုင်တံခွန်ကတော့ သူ့ရဲ့ မိခင်ကြီးအိမ်ကို သွားရောက်လည်ပတ်ခဲ့ပြီး အိမ်ကို သွားရောက်ခဲ့စဉ်မှာ ချစ်စရာကောင်းလှတဲ့ iguana(အီဂွားနား) ကောင်ကြီးကိုပါ ခေါ်သွားခဲ့တာပဲဖြစ်ပါတယ် ..။ မိခင်ကြီးက
iguana(အီဂွားနား) ကောင်ကြီးကို အသဲတွေယားပြီး ကြောက်နေတာကို ပိုင်တံခွန်က အနားအတင်းကပ်ပြီး မိခင်ကြီးကို စနောက်နေခဲ့တာကိုဗီဒီယိုလေးရိုက်ကူးကာ ပရိသတ်တွေလည်း အပျော်တွေ
ကူးစက်စေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော်မင်းသားလေးက မေမေ့ကိုတောင် အလွတ်မပေးဘူး လိုက်စတာနော် ။
ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်.. ။
Source – Paing Takhon
Zawgyi
Source – Paing Takhon
mdatenews
mdatenews