
တော်လှန်ရေးကြီးအောင်နိုင်ဖို့အဓိကလုပ်ရမယ့်အရာေတွကုိပြောပြလာတဲ့သရုပ်ဆောင်မင်းမော်ကွန်းသရုပ်ဆောင်မင်းမော်ကွန်းကတော့တော်လှန်ရေးကြီးမှာတက်တက်ကြွကြွပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်။ယခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင်မင်းမော်ကွန်းကတော်လှန်ရေးကြီးအောင်နိုင်ဖို့အဓိကလုပ်ရမယ့်အကြောင်းအရင်းတွေကိုအတိအကျပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။
မင်းမော်ကွန်းကတိုက်ပွဲဖြစ်လာရင်၊စကစ၊တွေက ပြည်သူကိုလက်နက်ကြီးနဲ့ပစ်တယ်၊ရွာတွေမီးရှို့တယ်၊ဒါကြောင့်စစ်ဘေးရှောင်တွေများလာတယ်၊ သူတို့ကိုကူဖို့လိုအပ်လာတယ်၊PDFတွေဆီလိုအပ်တဲ့ကူညီမှုတွေမရောက်နိုင်တော့ဘူး။ကိုဗစ်မကူးကူးအောင်လုပ်တယ်၊ဆေးဝါးမရအောင်၊အောက်ဆီဂျင်မရအောင်ဖြတ်ပစ်တယ်၊ပြည်သူတွေလိုအပ်မှုများလာတယ်၊လိုအပ်မှုတွေကအောက်ဆီဂျင်ဖြစ်လာတယ်၊
PDFတွေဆီအကူအညီမရောက်နိုင်တော့ဘူးဆိုပြီးတော့ရေးသားထားပါတယ်။နောက်ပြီးသေကြရင်စာရင်းမရှိ၊အင်းမရှိသေရတယ်၊သင်္ဂြိုလ်စားရိတ်တွေကမြင့်လာလို့ပြည်သူတွေပိုပြီးခက်ခဲလာမယ်၊အလောင်းတစ်လောင်းကိုအမြန်သင်္ဂြိုလ်နိုင်ဖို့သုံးသိန်းလောက်ဖြစ်လာမယ်၊ PDFတွေဆီလိုအပ်တဲ့အရာတွေမရောက်လာတော့ဘူး၊တိုင်းပြည်ဒုက္ခများလေသူတို့ကိုမတော်လှန်နိုင်လေဆိုတဲ့မူဝါဒကိုစွဲကိုင်ထားတဲ့ခွေးမျိုးတွေရဲ့အယူဝါဒကြောင့်ပြည်သူအများမသေသင့်၊မဆုံးရှုံးသင့်ပဲတစ်ဖြုတ်ဖြုတ်ကြွေလွင့်နေရတာမြင်မကောင်းတော့ပါဆိုပြီးတော့သူရဲ့ခံပြင်းပုံကိုလဲအခုလိုရေးသားထားပါသေးတယ်။
နောက်ဆုံးဒီခွေးမျိုးတွေအမြစ်ပြတ်ဖို့အဓိကအကျဆုံးနည်းလမ်းကတော့ခေါင်မိုးပြင်ရမှာပါ၊ရေကြီးလို့၊စစ်ခွေးတွေပိတ်ထားလို့၊ရိက္ခာမရှိလို့၊ရောဂါဘေးရနေလို့၊လက်နက်မပြည့်စုံလို့တိုင်းပြည်ကိုချစ်ပြီးအရာရာဒုက္ခခံနေကြရတဲ့အနာဂါတ်ရဲ့လူငယ်တွေကိုလည်းထည့်တွက်ကြပါ၊DDay ခေါ်သံက နီးကပ်လာပါပြီ။ပြင်စရာခေါင်မိုးကိုမေ့ထားပြီး ကြမ်းပြင်ကိုပဲလိုက်ပြင်နေရင်တော့ဘယ်တော့မှ ဒုက္ခမဆုံးပါ၊PDFတွေကိုသာအရင်ပံ့ပိုးပေးကြပါ။စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူမျှဝေပြီးတင်ဆက်ပေးလိုက်ပါတယ်ဗျာ။
CRD:Ownermdatenews
mdatenews