ခက်ခက်ခဲခဲ ကြိုးစားပြင်ဆင်ပြီး အဆင်ပြေအောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကာလအတော်ကြာ လွမ်းနေခဲ့ရတဲ့ တောင်ရှည်ပုဆိုးနဲ့ တိုက်ပုံ ပြန်လည်ဝတ်ဆင်ခဲ့ရတဲ့ အတွက် ပြောမပြတတ်အောင် ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။
တော်လှန်ရေးအငြိမ့်အစီအစဉ်ကိုတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း သူတို့ကြေငြာထားတဲ့ ရုပ်သံလိုင်းများမှတစ်ဆင့် ကြည့်ရှုရတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးထားပါသေးတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဟာသလူရွှင်တော် ပိုးလေးရဲ့ လူမှုကွန်ယက်တွင် တောထဲတစ်နေရာတွင် တော်လှန်ရေးအငြိမ့်ရိုက်ကူးရန်ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပုံတွေကို ဗီဒီယိုဖိုင်ဖြင့် ပြသလာခဲ့တာ ဖြစ်ပါတယ်။ ဒီအငြိမ့်အစီအစဉ် ရိုက်ကူးမယ့်နေရာကို လိုအပ်တဲ့ ပစ္စည်းများ သယ်ယူပြီး လမ်းလျှောက် သွားခဲ့ရတာ ဖြစ်ပါတယ်။
ဆက်တင်အပြင်အဆင်တွေကိုလည်း ရှိတဲ့အရာများနဲ့ လိုက်ဖက်အောင် ပြင်ဆင်ပြီး ပြည်သူတွေကို ဖျော်ဖြေတင်ဆက်ဖို့ အကောင်းဆုံး ကြိုးစားထားကြတာ ဖြစ်ပါတယ်။ ဒုက္ခရောက်နေတာတောင် ပြည်သူတွေ စိတ်ပျော်ရွှင်စေဖို့မရမက ကြိုးစားလုပ်ဆောင်ပေးကြတဲ့ ဟားငါးကောင်အဖွဲ့သားများအားလုံးကို ပြည်သူများမှ ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။
တိုင်းပြည်နဲ့ ပြည်သူတွေကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ လွတ်မြောက်နယ်မြေတစ်နေရာတွင်ပင်ပန်းဆင်းရဲစွာ နေထိုင်နေကြရတဲ့ ဟားငါးကောင်အဖွဲ့သားငါးယောက်လုံး ခွဲခွာနေရတဲ့ မိသားစုဝင်များနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
CRD:MMLoadmdatenews
mdatenews