ကွယ်လွန်သွားတဲ့မိဘနှစ်ပါးနှင့်ပတ်သတ်၍ ထူးဆန်းတဲ့အိပ်မက်တွေမက်တဲ့အကြောင်းပြောပြလာတဲ့ အဆိုတော်တင်ဇာမော်

 

အဆိုတော်တင်ဇာမော်ကတော့အသံပါဝါကောင်းကောင်းနဲ့တေးသီချင်းကောင်းများစွာကိုတီဆိုထားပြီးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်၊တင်ဇာမော်ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ရပ်တည်ပေးခဲ့ပါတယ်နော်။

 

 

ပြီးခဲ့တဲ့ဇူလိုင်လ၂၈ရက်နေ့မှာဆိုရင်တော့အဆိုတော်တင်ဇာမော်ရဲ့မိခင်ကြီးကကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်၊အခုတစ်ခါမှာဆိုရင်လဲအဆိုတော်တင်ဇာမော်ကကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ဖခင်ကြီးနဲ့မိခင်ကြီးကိုထူးဆန်းတဲ့အိပ်မက်တွေမက်တယ်ဆိုတဲ့အကြောင်းကိုအခုလိုပြောကြားလာပါတယ်နော်။

 

 

တင်ဇာမော်ကဆေးရုံ‌ပေါ်မှာမေမေဆုံးမယ့်ရက်ရဲ့မနက်အစောမှာလွန်တဲ့၁၁နှစ်နဲ့၈လအကြာကကွယ်လွန်ပြီးရှာတဲ့ဖေဖေ့ကိုအိပ်မက်တယ်၊ဖေဖေကကျွန်မကိုစကားတွေပြောလို့၊ခုမနက်လွန်တဲ့၁၂ရက် ကကွယ်လွန်ရှာတဲ့မေမေ့ကိုအိပ်မက်တယ်။

 

 

အိပ်မက်ထဲမှာဆေးခန်းမှာဆရာဝန်နဲ့မေမေ့ကျန်းမာရေးအတွက်ဆွေးနွေးနေတုန်းမေမေဆာမှာစိုးလို့ပဲပြုတ်ထမင်းနယ်ပြီးကျွေးတဲ့ကျွန်မကိုမေမေကပြောတယ်၊သမီးရေဆရာ့ကိုလ္ဘက်သုတ်ပေးလိုက်ပါတဲ့၊ဟုတ်ကဲ့မေမေလို့ပြန်ပြောပြီးနိုးလာရောခုမနက် လေးနာရီခွဲ၊မေမေ့အကြိုက်ဆုံးအစားတွေပဲ၊မနက်ဆိုမေမေကပဲပြုတ်ထမင်းစားတယ်။

 

 

နေ့လည်၊ညနေဆိုလ္ဘက်ကလေးအမြဲပုံ၊ပုံပြီးစားတယ်ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

 

mdatenews

mdatenews