သားလေးရဲ့ အပြုံးတွေ ဒီထက် အလှဆုံးဖြစ်အောင် ခွဲစိတ်ပေးဖို့ အတွက် အားမွေးနေပြီဆိုတဲ့ ခိုင်နှင်းဝေ
ဝမ်းသာလိုက်တာ?
မိဘမဲ့ ကလေးငယ်တွေရဲ့ ဘဝကို တတ်နိုင်သလောက် ကယ်တင်နေပြီး ဖြူစင်တဲ့ ပရဟိတ နှလုံးသာလေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေကတော့ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး တစ်ယောက်ဖြစ်သလို ပရိသတ်တွေ လေးစား ချစ်ခင်နေရသူပါပဲနော်။ အခုအချိန်မှာ ဆိုရင် သူမဟာ လူမှုကူညီရေး ပရဟိတတွေ သာမက မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးလေးတွေကို ကြင်နာတဲ့ နှလုံးသားအပြည့်နဲ့ မွေးစားကယ်ဆယ်ခဲ့တာဖြစ်ပါတယ် ။ ကလေးတွေရဲ့ ကိစ္စအဝဝကိုလည်း ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစု ပျိုးထောင်ပေးနေတာပါ ။ အားလပ်ချိန်တွေမှာလည်း ကလေးတွေကို အချိန်ပေးကာ အနားမှာနေပြီး အတူတူ ဆော့ကစားပေးရင်း ပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်ဆီးတတ်ပါသေးတယ် ။
အခုလည်း သူမွေးစားစောင့်ရှောက်ထားတဲ့ သားငယ်လေး ရဲ့ ပါးစပ်ကို ခွဲစိတ်ပြုပြင်ပေးဖို့ အားမွေးနေပြီဖြစ်ကြောင်း ရေးသားဖော်ပြလာပါတယ် ။ သားလေးနဲ့အတူ အဖော်ပြုကာ ဆော့ကစားနေတဲ့ ပုံတွေနဲ့အတူ ” ရီလိုက်ရင် အရမ်းချစ်ဘို့ကောင်းတဲ့ အသဲလေး.. ( ခွဲစိတ်ဘို့ အတွက် သားသား အားမွေးနေပါတယ်ရှင်…)….”ဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
mdatenews