နေမကောင်းဖြစ်နေတဲ့ အသက် (၉၂)နှစ်အရွယ်တံမြတ်စည်းရောင်းတဲ့ အဖွားကို ဆေးဖိုးကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တဲ့ မိုးစက်

နေမကောင်းဖြစ်နေတဲ့ အသက် (၉၂)နှစ်အရွယ်တံမြတ်စည်းရောင်းတဲ့ အဖွားကို ဆေးဖိုးကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တဲ့ မိုးစက်

ပရိသတ်ကြီးရေ မနေ့ကတော့ မိုးစက်က သူကူညီထောက်ပံ့နေတဲ့ အသက် (၉၂)နှစ်အရွယ် တံမြတ်စည်းရောင်းနေတဲ့ အဖွားနေမကောင်းဖြစ်နေတာကြောင့် အဖွားထံကို

သွးရောက်ခဲ့ကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ် ။ အဖွားဆီကို ရောက်ပြီး အဖွားနဲ့တွေ့ဆုံခဲ့ပုံကိုလည် အခုလိုပဲ ရေးသားမျှဝေထားခဲ့ပါတယ် ။

““ဟင်..သား..သားလေး …အ…အမေ ..သား…သားလေး ကို မျှော်.. မျှော် နေ…နေတာ…”“သား ရောက်လာ ပြီနော်..ဖွားဖွား ။ ဘာမှ အားမငယ်နဲ့နော် သားအတတ်နိုင်ဆုံး

ကြိုးစားပြီး စောင့်ရှောက်ပေးမယ်နော်…”ဒီအဖွားက အသက်(၉၂)နှစ်အရွယ်တံမြက်စည်းရောင်းတဲ့ အဖွားပေါ့ဗျ ာ။ အလုပ်ကိုနားနားနေနေ လုပ်လို့ရအောင်အိမ်လခအပြင်

တစ်လကို တစ်သိန်းကျပ်ထောက်ပံ့ပေးနိုင်အောင် စီစဉ် ပေးထားပါတယ် ။ ဒါကလဲ အဖွားပိုစ့်ကို တွေ့ချိန်မှာ ဝိုင်းဝန်း လှူဒါန်းပေးသူများရဲ့ ကျေးဇူးကြောင့်အဖွားကို

အခု အချိန်အထိ စောင့်ရှောက်ပေးနိုင်တာပါ ။ အခုတော့ ရာသီဥတုအကူးအပြောင်းဒါဏ်ကြောင့် အဖွားအိပ်ယာထဲ ဘုန်းဘုန်းလဲရှာပြီပေါ့ ။ အိပ်ယာထဲ စလဲနေတဲ့

ရက်ကတည်းကအဖွားကျွန်တော့်ကို မျှော်နေရှာတာတဲ့ ။အဖွားကျွန်တော့်ကိုမျှော်နေတာလဲပိုက်ဆံထက် ၊ မေတ္တာတရားထောက်ပံ့မှုကို လိုချင်ရှာတာပေါ့ ဗျ ာ…။ ” ဆိုပြီး

အဖွားကနေမကောင်းဖြစ်နေချိန် သူ့ကိုမျှော်နေခဲ့ကြောင်းလည်း ပြောပြထားခဲ့ပါသေးတယ် ။ ပရိသတ်ကြီးရေ မိုးစက်ကတော့ အားလုံးရဲ့ ..ရင်ထဲမှာ မေတ္တာတရားတွေ လက်ဆင့်ကမ်းနေရင်တော့ ကမ္ဘာကြီးက အခုထပ်ပိုလှနေမယ်လို့ယုံကြည်ပါတယ်တဲ့ ။

Source – Moe Sat

– Zawgyi Font ဖြင့် ဖတ်ရန် –

ေနမေကာင္းျဖစ္ေနတဲ့ အသက္ (၉၂)ႏွစ္အ႐ြယ္တံျမတ္စည္းေရာင္းတဲ့ အဖြားကို ေဆးဖိုးကိုယ္တိုင္ကိုယ္က်သြားေရာက္လႉဒါန္းေပးခဲ့တဲ့ မိုးစက္

ပရိသတ္ႀကီးေရ မေန႔ကေတာ့ မိုးစက္က သူကူညီေထာက္ပံ့ေနတဲ့ အသက္ (၉၂)ႏွစ္အ႐ြယ္ တံျမတ္စည္းေရာင္းေနတဲ့ အဖြားေနမေကာင္းျဖစ္ေနတာေၾကာင့္ အဖြားထံကို

သြးေရာက္ခဲ့ေၾကာင္း သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝလာခဲ့ပါတယ္ ။ အဖြားဆီကို ေရာက္ၿပီး အဖြားနဲ႔ေတြ႕ဆုံခဲ့ပုံကိုလည္ အခုလိုပဲ ေရးသားမွ်ေဝထားခဲ့ပါတယ္ ။

““ဟင္..သား..သားေလး …အ…အေမ ..သား…သားေလး ကို ေမွ်ာ္.. ေမွ်ာ္ ေန…ေနတာ…”“သား ေရာက္လာ ၿပီေနာ္..ဖြားဖြား ။ ဘာမွ အားမငယ္နဲ႔ေနာ္ သားအတတ္ႏိုင္ဆုံး

ႀကိဳးစားၿပီး ေစာင့္ေရွာက္ေပးမယ္ေနာ္…”ဒီအဖြားက အသက္(၉၂)ႏွစ္အ႐ြယ္တံျမက္စည္းေရာင္းတဲ့ အဖြားေပါ့ဗ် ာ။ အလုပ္ကိုနားနားေနေန လုပ္လို႔ရေအာင္အိမ္လခအျပင္

တစ္လကို တစ္သိန္းက်ပ္ေထာက္ပံ့ေပးႏိုင္ေအာင္ စီစဥ္ ေပးထားပါတယ္ ။ ဒါကလဲ အဖြားပိုစ့္ကို ေတြ႕ခ်ိန္မွာ ဝိုင္းဝန္း လႉဒါန္းေပးသူမ်ားရဲ႕ ေက်းဇူးေၾကာင့္အဖြားကို

အခု အခ်ိန္အထိ ေစာင့္ေရွာက္ေပးႏိုင္တာပါ ။ အခုေတာ့ ရာသီဥတုအကူးအေျပာင္းဒါဏ္ေၾကာင့္ အဖြားအိပ္ယာထဲ ဘုန္းဘုန္းလဲရွာၿပီေပါ့ ။ အိပ္ယာထဲ စလဲေနတဲ့

ရက္ကတည္းကအဖြားကြၽန္ေတာ့္ကို ေမွ်ာ္ေနရွာတာတဲ့ ။အဖြားကြၽန္ေတာ့္ကိုေမွ်ာ္ေနတာလဲပိုက္ဆံထက္ ၊ ေမတၱာတရားေထာက္ပံ့မႈကို လိုခ်င္ရွာတာေပါ့ ဗ် ာ…။ ” ဆိုၿပီး

အဖြားကေနမေကာင္းျဖစ္ေနခ်ိန္ သူ႔ကိုေမွ်ာ္ေနခဲ့ေၾကာင္းလည္း ေျပာျပထားခဲ့ပါေသးတယ္ ။ ပရိသတ္ႀကီးေရ မိုးစက္ကေတာ့ အားလုံးရဲ႕ ..ရင္ထဲမွာ ေမတၱာတရားေတြ လက္ဆင့္ကမ္းေနရင္ေတာ့ ကမာၻႀကီးက အခုထပ္ပိုလွေနမယ္လို႔ယုံၾကည္ပါတယ္တဲ့ ။

Source – Moe Satmdatenews

mdatenews

Leave a Reply

Your email address will not be published.