အချိန်ပြည့် PPE ဝတ်စုံတွေကို ဝတ်ဆင်နေရတာကြောင့် အသက်ရှုကြပ်ပြီး အရေးပေါ်အောက်ဆီဂျင်များ ပေးနေရတဲ့ ပရဟိတလူငယ်များ

ပြည်သူတွေအားလုံး တစ်နေ့ထက်တစ်နေ့ စိတ်ညစ်စရာအခြေအနေများနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

နေရာဒေသအနှံ့အပြားမှာလည်း နေ့စဉ်နဲ့အမျှ လူသေဆုံးမှုတွေရှိနေပြီး သုဿာန်များတွင်သဂြိုလ်ဖို့နေရာ

လုံမလောက်တော့တဲ့ အထိကို အခြေအနေဆိုးနေတာ ဖြစ်ပါတယ်။ လူမှုကယ်ဆယ်ရေးအသင်းများတွင်

 

ဆောင်ရွက်ပေးနေကြတဲ့ ပရဟိတလူငယ်များကလည်း ဒီအခြေအနေဆိုးတွေကြားထဲကနေ

 

ပြည်သူတွေရဲ့ အသက်ကို အစွမ်းကုန်ကြိုးစား ကူညီပေးနေကြတာ ဖြစ်ပါတယ်။

 

 

လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သူ့အသင်းတွင်

 

လုပ်ကိုင်ကူညီပေးနေတဲ့ပရဟိတလူငယ်လေးတွေရဲ့ အခြေအနေကို ပြည်သူတွေသိရှိစေဖို့

 

ရေးသားဝေမျှပေးထားတာ ဖြစ်ပါတယ်။လူငယ်လေးတွေဟာ PPE ဝတ်စုံတွေ တစ်နေကုန်ဝတ်ပြီး

 

 

Dead Body တွေကို နေ့စဉ်သယ်နေရတာကြောင့် အသက်ရှုကြပ်ပြီး အောက်ဆီဂျင်ကျသွားပေမယ့်လည်း

 

ရုံးကို အားတင်းပြီး ရောက်အောင် ပြန်လာခဲ့ကြပါတယ်။ ရုံးပြန်ရောက်ရောက်ချင်း ဒီလူငယ်လေးတွေကို

 

အရေးပေါ် အောက်ဆီဂျင်ပေးခဲ့ရပြီး မကြာခင်မှာ ပြန်လည် သက်သာလာကြောင်းကို ရေးသားထားပါတယ်။

 

 

သူတို့တွေဟာ စေတနာ့ဝန်ထမ်းအလုပ်ကို ဝါသနာပါတဲ့အတွက် လုပ်ကိုင်ပေးနေကြတာ ဖြစ်ပြီး

 

အလွဲအချော်တစ်ခုခုများဖြစ်သွားခဲ့ပါက အသက်အန္တရာယ်ပါ ဆုံးရှုံးနိုင်ပေမယ့်လည်း အများအကျိုးအတွက်

 

 

တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးနေကြတာပါ။ ဒါ့ကြောင့် အသက်ကိုရင်းပြီး ကူညီပေးနေကြတဲ့

 

စေတနာ့ဝန်ထမ်းပရဟိတသမားတွေကို ကိုယ်ချင်းစာသောအားဖြင့် အမှားအယွင်း တစ်စုံတစ်ရာများ ရှိခဲ့ပါက

 

နားလည်ပေးကြဖို့မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ စေတနာ၊ဝါသနာ၊အနစ်နာ နာ(၃) နာဖြင့် ကူညီပေးနေကြတဲ့

ပရဟိတသူရဲကောင်းတွေကို လေးစားဂုဏ်ပြုသောအားဖြင့် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

CRD:Owner writingmdatenews

mdatenews