ပရိသတ်တွေ အပေါ်မှာ ဖော်ဖော်ရွေရွေနဲ့ တလေးတစား ဆက်ဆံပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိသူကတော့ မင်းသမီးချောလေး ဘေဘီမောင်ပါပဲ ။ အလှူအတန်းတွေလည်း အမြဲမပြတ် ပြုလုပ်ကာ အရေးကြုံတဲ့ အခါတိုင်းမှာလည်း ပြည်သူတွေဘက်မှ ရပ်တည်ပေးသူ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
မကြာခင်ကမှ ဘေဘီမောင်လည်း ကိုဗစ်ရောဂါဖြစ်ပွားခဲ့ပြီး ပြန်လည် သက်သာ ကောင်းမွန်လာတာလည်းဖြစ်ပါတယ် ။ ပြန်လည်ကောင်းမွန်လာချိန်မှာလည်း ပြည်သူတွေ အတွက် ဆန်ပြုတ်များကို ငါးရက်တိတိလှူဒါန်းခဲ့ပါသေးတယ်။
ဒီကနေ့မှာတော့ တစ်အိမ်သားလုံး Antibody Test Kit စစ်ပြီး ရလာတဲ့ အဖြေကောင်းမွန်တာကြောင့် ဝမ်းသာပီတိဖြစ်နေကြောင်း ဝေမျှလာပါတယ် ။
” တစ်အိမ်လုံး Antibody စစ်ပြီးပါပီရှင့် ရလဒ်ကောင်းတွေကြောင့်စိတ်ချမ်းသာရပါတယ် အိမ်ထိလာစစ်ပေးတဲ့မောင်လေးနဲ့ သူငယ်ချင်းNyan Min Htetရေကျေးဇူးပါ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ဘေဘီတို့ရဲ့ ပုံရိပ်လေးတွေနဲ့ အတူ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
CRD – Cele Zonemdatenews
mdatenews