ဇာတ်မင်းသား ဖိုးချစ်ကတော့ မကြာသေးခင် နာရီပိုင်းလောက်က သူ့ရဲ့ လူမှုကွန်ယက်တွင် ကိုယ်တိုင် အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာတောင်ပရိသတ်တွေကို စိုးရိမ်စိတ်အပြည့်နဲ့ စကားလက်ဆောင်လေးရေးသား ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။ ပြည်သူများနဲ့အတူ ချစ်ခင်တန်ဖိုးထားရတဲ့ မိသားစုများအားလုံး ကျန်းမာရေးအထူး ဂရုစိုက်ကြဖို့ မှာကြားနေတာ ဖြစ်ပါတယ်။ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး အဘက်ဘက်က စိန်ခေါ်မှုကြီးမားနေချိန်မှာ ရအောင် ဖြတ်သန်းနေထိုင်ခြင်းဟာလည်း လူသားတစ်ယောက် ထမ်းဆောင် ရမယ့် တာဝန်ဝတ္တရားဖြစ်ကြောင်း ပြောပြထားပါသေးတယ်။
ခေတ်ကပေးသော ကာလကပေးသော လောကဓံအတွေ့အကြုံများကို လက်ခံရင်း ကိုယ်ယုံကြည်ရာပန်းတိုင်ကိုရောက်အောင် ချီတက်ရမှာ ဖြစ်ကြောင်းကိုလည်း ရေးသားထားပါတယ်။ အဆင်မပြေမှုတွေများစွာထဲက ရအောင်ရုန်းထွက် ကျော်ဖြတ်နေကြရတဲ့အတွက် ပင်ပန်းနေကြမှာကို နားလည်ပေမယ့်လည်း မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင် းလာကြသူများဖြစ်တဲ့အတွက် နိုင်ငံ့အရေးကို ရှောင်လွှဲလို့မရဘဲ ရင်ဆိုင်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။
လောကကြီးကနေ စောစီးစွာ ထွက်ခွာသွားကြသူများအတွက်လည်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးရင်းနောက်ထပ် ထိခိုက်ဆုံးရှုံးမှုတွေ မရှိရလေအောင် ပြည်သူအချင်းချင်း လက်ချင်းယှက်ပြီး ပန်းတိုင်ကို မရောက်ရောက်အောင် သွားကြဖို့ လိုအပ်ကြောင်း ရေးသား ဝေမျှရင်း သူ့ရဲ့ ဒုတိယမိသားစုဖြစ်တဲ့ ချစ်ပရိသတ်တွေကိုပြောမပြတတ်အောင် လွမ်းနေပြီဖြစ်ကြောင်းကိုလည်း ရေးသားထားတာ ဖြစ်ပါတယ်။ပြည်သူများကလည်း ကျနေတဲ့ စိတ်ဓာတ်ကို ပြန်ဆွဲတင်ပြီး ရအောင်ကျော်ဖြတ်နေကြကြောင်း ဖိုးချစ်ရဲ့ပို့စ်အောက်တွင် ရေးသား ထားကြတာကို မြင်တွေ့ရပါတယ်။ အကောင်းအဆိုးကို လက်ခံပြီး ရောင်နီလာမယ့် နေ့သစ်တွေကို မျှော်လင့်ရင်း
ဒီအခြေအနေဆိုးကြီးကို ရအောင် ကျော်ဖြတ်နိုင်ကြဖို့ လိုအပ်လှပါတယ်။ အားလုံးလည်းကျန်းမာရေးဂရုစိုက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ဆီကို ရောက်အောင် လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
CRD – Myanmarloadmdatenews
mdatenews