သူများအိမ်လေး ငှားနေရတဲ့ဘဝမှာ အိမ်လခမတတ်နိုင်လို့
မကြာခင် အိမ်လေးပေါ်က ဆင်းပေးရတော့မယ်လို့ ဝမ်းနည်းစွာပြောပြလာတဲ့ လူရွှင်တော် ဦးတိမ်ညွှန့်..
ဝါရင့်လူရွှင်တော်ကြီးဖြစ်တဲ့ဦးတိမ်ညွှန့်ကတော့ဟာသညဏ်ရွှင်ပြီးပရိသတ်တွေကိုရီမောပျော်ရွှင်အောင်လုပ်နိုင်သူတစ်ယောက်ပါ။ လူရွှင်တော်ကြီးဦးတိမ်ညွှန်ကလတ်တလောမှာကျန်းမာရေးချူချာနေပြီမိသားစုစားဝတ်နေရေးလည်းခက်ခဲနေတယ်လို့ဆိုပါတယ်။
ဩဂုတ်လ၁၀ရက်နေ့ဆိုရင်လူရွှင်တော်ကြီးဦးတိမ်ညွန့်ရဲ့အိမ်လိုင်းခန်းလေးရက်စေ့ပြီဖြစ်ကြောင်းသိရပါတယ်။အိမ်ဌားခဟာတစ်လကိုခုနှစ်သောင်းငါးထောင်(၇၅ဝဝဝ)ကျပ်ဖြစ်တယ်လို့သိရပါတယ်။
လူရွှင်တော်ကြီးဦးတိမ်ညွှန်နဲ့သူ့ရဲ့မိသားစုနေထိုင်ရေးအခက်ကြုံနေရတာကြောင့်လူရွှင်တော်မိုးစက်ကသူ့ရဲ့အကောင့်ကနေအကူအညီပေးလိုသူများအားအကူအညီတောင်းခံထားတာကိုတွေ့ရပါတယ်။
လူရွှင်တော်ဦးတိမ်ညွန့်ဟာတောင်ဒဂုံ(၂၂)ရပ်ကွက်၊ရတနာပုံ(၆)လမ်း၊ဖူဆယ်ဘောလုံးကွင်းရှေ့လိုင်းခန်းမှာနေထိုင်တာဖြစ်ပါတယ်။ကူညီလှူဒါန်းလိုသူများအနေဖြင့်ဆက်သွယ်လှူဒါန်းနိုင်ကြောင်းပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Credit;Ownermdatenews
mdatenews