ရှောင်တိမ်းနေရပေမယ့်လည်း အစ်မအရင်းတစ်ယောက်လိုချစ်ရတဲ့ဖွေးဖွေးရဲ့မွေးနေ့ကို ဆုတောင်းပေးလိုက်တဲ့ အလင်းရောင်

 

ပရိတ်သတ်ကြီးရေ….ဒီနေ့ဟာဆိုရင် သရုပ်ဆောင်မင်းသမီချောလေး အကယ်ဒမီ ဖွေးဖွေးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ချစ်ခင်ရတဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှ များမှလည်း ဖွေးစိန်ရဲ့ မွေးနေ့ကိုအမှတ်တရပုံရိပ်များဖြင့် ဆုမွန်ကောင်းတောင်းပေးထားကြတာ ဖြစ်ပါတယ်။ မကြာသေးခင်မိနစ်ပိုင်းလောက်ကလည်း သရုပ်ဆောင် အလင်းရောင်ရဲ့ Instagram story တွင် ဖွေးဖွေးနဲ့ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတစ်ပုံတင်ပြီး မွေးနေ့ဆုတောင်း ပေးထား တာ ဖြစ်ပါတယ်။

 

 

သရုပ်ဆောင် အလင်းရောင်နဲ့ ဖွေးဖွေးတို့ သူငယ်ချင်းနှစ်ဦးဟာ မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုများမှာ ပြည်သူတွေနဲ့အတူအမှန်တရားဘက်ကနေရပ်တည်ပေးခဲ့ကြတဲ့အနုပညာရှင်များ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုတော့အာဏာရှင်လူတစ်စုက

 

 

ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲဆို အရေးယူခံထားရတာကြောင့်ဘေးကင်းရာသို့တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်းဒီနှစ်မှာကျရောက်တဲ့ ဖွေးစိန်ရဲ့မွေးနေ့ကို အတူတကွ ကျင်းပခွင့်မရတဲ့အတွက် စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

 

 

ပြည်သူတွေနဲ့အတူ ဓမ္မဘက်က ရပ်တည်ပေးခဲ့တဲ့ ဖွေးစိန်တစ်ယောက်ဒီနှစ်မွေးနေ့မှာ ချစ်ရသူတွေနဲ့ အတူမရှိနိုင်ပေမ ယ့်လည်း နောင်နှစ်မွေးနေ့များမှစပြီး ပျော်ရွှင်စရာအချိန်တွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

 

 

ကိုယ်တတ်နိုင်တဲ့ဘက်ကနေ နိုင်တဲ့ဝန်ကို ထမ်းရင်းအမှန်တရားကိုချစ်မြတ်နိုးတဲ့ ဖွေးစိန်ကိုပရိသတ်တွေအားလုံးကအရင်ကထက် လေးစားချစ်ခင်နေကြမှာအသေချာပါပဲ။ပရိသတ်တွေလည်း ဖွေးစိန်လေးအတွက်မွေးနေ့ဆုတောင်းပေးကြဖို့ ပြောကြားရင်းဒီသတင်းကိုတင်ဆက် ပေးလိုက်ရပါတယ်။

 

Credit ; MMLoadmdatenews

mdatenews