ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် လူကြီးလူငယ်မရွေး အသက်ဆုံးရှုံးမှုတွေ
နေ့စဉ်ရက်ဆက် ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေဆိုးကြီးကို
ထိန်းချုပ်ဖို့ ကြိုးစားနေကြပေမယ့် လက်ရှိအချိန်မှာတော့ သုဿာန်များတွင်
မီးသဂြိုလ်ဖို့ကိုတောင် တန်းစီစောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။
ဒီကာလမှာ သေဆုံးသွားကြသူများကိုလည်း ကပ်ဆေးနေတာတို့
မကောင်းသူပယ် ကောင်းသူကယ်အချိန်ဖြစ်တာကြောင့် ဘုရားက ကယ်မှာတို့ မပြောဖို့လိုပါတယ်။
ဒီအချိန်မှာ ကြွေလွင့်သွားကြတဲ့သူများဟာ မကောင်းတဲ့သူတွေ မဟုတ်ကြပါဘူး။
အားလုံးနီးပါးဟာ ကိုယ့်မိသားစုအတွက် ရုန်းကန်လှုပ်ရှားရင်း
မထင်မှတ်ဘဲ ရောဂါကူးစက်ခံရပြီး အသက်ဆုံးရှုံးသွားကြသူများလည်း ရှိပါတယ်။
ကိုဗစ်ရောဂါကြောင့် အသက်သေဆုံးသွားတာကို ကပ်ဆေးနေတာလို့ အယူသီးပြီး
လွဲမှားစွာ ပြောဆိုနေကြသူများကို မကြာသေးခင် နာရီပိုင်းလောက်က
သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ လူမှုကွန်ယက်တွင် ထောက်ပြရေးသားလာခဲ့တာ ဖြစ်ပါတယ်။
ကပ်ဆေးတယ်ဆိုတာ ဗုဒ္ဓအဆုံးအမတွင် မရှိဘဲ မကောင်းသူပယ်လို့
ပြောရအောင်လည်းကိုယ့်အသက်အသေခံ၊ ရောဂါအကူးခံပြီး
အများအကျိုးဆောင်ရွက်ရင်း သေဆုံးသွားကြသူတွေကို စော်ကားရာရောက်ပါတယ်။
ပြန်ကောင်းတဲ့ သူတွေ၊ ရောဂါမဖြစ်တဲ့သူတွေကို ဘုရားကယ်တာ မဟုတ်ဘဲ
လူငယ်တွေနဲ့ ကိုယ်ခံအားကောင်းသူများသာ ပြန်ကောင်းလာကြတာ ဖြစ်ပါတယ်။
ဘာသာရေးအရ တစ်ကိုယ်ရည် မေတ္တာပွားများတာ ပြသနာမဟုတ်ပေမယ့်
အသက်ဆုံးရှုံးသွားသူတွေကို ဘာအကြောင်းနဲ့မှ အပြစ်မတင်ဖို့နဲ့ ချစ်ရတဲ့သူတွေကို
လက်လွတ်ဆုံးရှုံးရသူတွေ အပေါ်ချမနင်းဖို့ လိုအပ်ကြောင်း ပြောပြထားပါတယ်။
ဒီလိုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အငြင်းပွားမနေကြဘဲ
ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေရဲ့ ချစ်ရတဲ့သူတွေ လောကကြီးက
ထွက်ခွာနေကြချိန်မှာချစ်ခြင်းမေတ္တာနဲ့ လူသားဆန်မှုကို ဒီ့ထက်ပိုပြီး
ပြသဖို့လိုအပ်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
CRD:Owner writingmdatenews
mdatenews