

မိသားစုတွေအားလုံး ကိုဗစ်ရောဂါခံစားရကာ ဆေးကုသမှုခံယူနေရပြီး အခုဆိုရင် ပြန်လည်သက်သာလာပြီဖြစ်ကြောင်း အသိပေးလာတဲ့ ခင်လေးနွယ်ပရိသတ်ကြီးရေ မင်းသမီးချော ခင်လေးနွယ်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။
ခင်လေးနွယ် ကတော့ မင်းသမီး တစ်လက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အား ပေးမှုတွေကို အချိန်အတော်ကြာ သိမ်းပိုက် ရရှိ ခဲ့သူပါ။ခင်ပွန်းဖြစ်သူနဲ့ လက်ထပ် ပြီး နောက် အနုပညာ အလုပ်တွေကို လုပ်ကိုင်ခြင်း မရှိတော့ဘဲ လင်မယား နှစ်ယောက် အတူတူ စီးပွားရေးကို ထူထောင် လုပ်ကိုင်နေခဲ့ ကြတာပါ။ အနုပညာ အလုပ် မလုပ်တော့ ပေမယ့်လည်း ခင်လေးနွယ် ကို အား ပေး ချစ်ခင်သူ ပရိသတ်တွေောက် စောင့် ကြည့် အား ပေး ချစ်ခင်ကြဆဲပါနော်..။




ဒီကနေ့ သြဂုတ်လ (၈) ရက် နေ့မှာတော့ ခင်လေးနွယ်က သူမ ကိုဗစ် ရောဂါ ခံစားနေရာကနေ သက်သာ လာကြောင်းကို “ကျေးဇူးတော်ကြောင့် နေကောင်းလာပါပြီ??တစ်အိမ်လုံး covid ဖြစ်ကြတာ.. ခုတော့သက်သာလာပါပြီ။ နေမကောင်းတဲ့ချိန် အဝေးကနေ ဆုတောင်းကူကြတဲ့ မိသားစုဝင်.. မိတ်ဆွေများ…ကျေးဇူးတင်ထိုက်သောသူအားလုံးကို .. အရမ်းပဲ ကျေးဇူးတင်ပါတယ်ရှင့်။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။




ခင်လေးနွယ်တို့ တစ်မိသားစု လုံး နေကောင်းကျန်းမာလာတဲ့ သတင်းကောင်းလေးကို ပရိသတ်ကြီးလည်း သိရှိဝမ်းသာရအောင် ပြန်လည်မျှဝေပေး လိုက်ရပါတယ်.။ ကျန်းမာချမ်းသာ ပျော်ရွှင် သာယာတဲ့ နေ့လေးတစ်နေ့ကို ပရိသတ်ကြီး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်..။


Source: Khin Lay Nwe’s Facebook
Credit:Cele Active Worldmdatenews
mdatenews