မိခင်ကြီးရဲ့ရှေမှာ အားတင်းပြီးမြိုသိပ်ထားရသမျှတွေကို အခုမှဝမ်းနည်းပက်လက်ရင်ဖွင့်ခွင့်ရတော့တဲ့ မေပန်းချီ

 

ပရိသတ်ကြီးရေ ကိုဗစ်ရောဂါကို သရုပ်ဆောင် မေပန်းချီတို့ သားအမိနှစ်ယောက်လည်း အလူးအလဲခံခဲ့ရပါတယ်နော်။ မိခင်ကြီး ကွယ်လွန်သွားတာတောင် တစ်ရက်မှမေ့လို့ မရဘဲ လွမ်းဆွတ်သတိရနေပါတယ်နော်။

 

 

အမေ့ကို မပြောဖြစ်တဲ့အရာတွေကိုလည်း အခုမှ ရင်ဖွင့်လာပါတော့တယ်နော်။ ” အမေအမေမရှိတော့တဲ့နောက်မှာသမီးအတွက် အောင်မြင်မူ့တွေမအောင်မြင်မူ့တွေအဆင်ပြေတာတွေမပြေတာတွေပိုက်ဆံရှိတာတွေ မရှိတာတွေဘာလိုချင်ရမက်မှမရှိတော့ပါဘူး

 

 

ဘဝမှာ လုပ်ချင်တာဖြစ်စေမလုပ်ချင်တာဖြစ်စေဘဝမှာအမေ့အတွက် အမေဒီထပ်ပိုအဆင်ပြေစေဖို့ ဆိုတဲ့စိတ်နဲ့ ကြိုးစားရုန်းကန်နာကျင်ခဲ့ရတာတွေဟာဒီအချိန်မှာခေါင်းစဉ်မဲ့အဓိပ္ပာယ်တွေမဲ့ သွားခဲ့ပါပြီ

 

 

သမီးဘဝမှာ အမေ့အတွက်ဆိုပြီးခေါင်စဉ်မရှိတော့တဲ့အတွက်သမီးဘဝကသေဆုံးသွားပါပြီသမီးဘာကိုမှမလိုချင်တော့ပါဘူးသမီးရင်တွေကွဲနေပါပြီ အမေရယ်” လို့ ဝမ်းနည်းစကား ပြောထားပါတယ်နော်။

 

Creditmdatenews

mdatenews