ဘုရားမခဲ့လို့ အသက်ရှင်ခွင့် ပြန်ရခဲ့ကြောင်းပြောပြလာတဲ့ ကောင်းထက်ဇော်

 

 

အစီစဉ်တင်ဆက်သူတွေများစွာရှိတဲ့အနက်မှ အသံပါဝါအားကောင်းကောင်းနဲ့ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ သူကတော့ အစီစဉ်တင်ဆက်သူ ကောင်းထက်ဇော်ပဲဖြစ်ပါတယ်နော်။ကောင်းထက်ဇော်ဟာဆိုရင် မိသားစုပြိုင်ပွဲ၊ The Money Drop Myanmar (ငွေတွေဝင်)အစီအစဉ်ရဲ့ပင်တိုင် အစီစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ပါတယ်။

 

 

မြန်မာပြည်မှာကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာစိုးရိမ်ကြောက်လန့်နေကြရပြီးတစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာဖြစ်ပါတယ်လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ ကောင်းထက်ဇော်က ကိုဗစ် 19 ရောဂါကပ်ဆိုးကြီးကူးဆက်မှုကိုခံနေရတာပဲဖြစ်ပါတယ်နော်။

 

 

ကိုဗစ်ကူးစက်ခံခဲ့ရပြီး အဆုတ်ရောင် ရောဂါကြောင့် ဆေးကုသမှု ခံယူနေရတဲ့ ကောင်းထက်ဇော်ဟာလက်ရှိ ကျန်းမာရေး အခြေအနေပြန်လည် ကောင်းမွန်လာကြောင်း သိရပါတယ်။“ကဲ အားလုံးချစ်တဲ့ ကောင်းထက်ဇော် ကျန်းမာရေး ကောင်းမွန်လျှက် ရှိပါကြောင်း”

 

 

လို့လူမှုကွန်ရက်ကနေ“ဘုရားမခဲ့လို့ အသက်ရှင်ခွင့် ပြန်ရခဲ့တယ်”ဆိုပြီး ကောင်းထက်ဇော် ကိုယ်တိုင်အသိပေးထားပါတယ်။ကျန်းမာရေးကောင်းမွန်လာပြီဖြစ်တဲ့ ကောင်းထက်ဇော်ရဲ့အင်တာဗျူးဗီဒီယိုလေးကိုအခုလိုပဲတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။

 

CRD:Celebrity Platformmdatenews

mdatenews