ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး ဝိုင်းစုကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကိုဗစ်ကူးစက်ခံလိုက်ရပြီဖြစ်တဲ့အကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။ ဝိုင်းစုကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကိုဗစ် စစ်ဆေးမှုရလဒ်နဲ့အတူ “ခေတ်မှီသွားပြီ” ဆိုပြီး ကူးစက်ခံလိုက်ရပြီဖြစ်ကြောင်းမျှဝေလာခဲ့တာပါ။
လတ်တလောမြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကြောင့် ကူးစက်မှုနှုန်းက မြင့်တက်နေခဲ့ပြီး လူတိုင်းလိုလို ကိုဗစ်ကူးစက်ခံနေရပါတယ်။ အောင်လကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က
ကိုဗစ်ကူးစက်ခံခဲ့ကြောင်း ဝိုင်းစုကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ပဲ ပရိသတ်တွေကို အသိပေးခဲ့ပြီးနောက် ဒီနေ့မှာ သူလည်း ကူးစက်ခံရကြောင်းကို ထပ်မံမျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။
ဝိုင်းစုကို ချစ်ပြီး အားပေးကြတဲ့ ပရိသတ်တွေကတော့ အားမငယ်ဖို့ စိတ်ဓာတ်မကျဖို့ အမြန်ဆုံးရောဂါပျောက်ကင်းအောင် စနစ်တကျနေထိုင်ဖို့ အားပေးစကားတွေကို မှတ်ချက်ပေးပြောဆိုထားခဲ့ကြပါသေးတယ်။
CRD:Cele Zonemdatenews
mdatenews