Media Update News

News Media Website

Cele

နေ့ရှိတိုင်းသေဆုံးနေရတဲ့ ပြည်သူတွေအပေါ် စိတ်မကောင်းတဲ့အကြောင်းပြောပြလာတဲ့ မေတိုးခိုင်

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မေတိုးခိုင်ကတော့အကယ်ဒမီအိန္ဒြာကျော်ဇင်

ရဲ့တူမအနေနဲ့စတင်သိခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာဆိုရင်လဲအကယ်ဒမီ ရွှေကြိုအနေနဲ့အနုပညာလောကထဲဝင်ရောက်ခဲ့ရာမှ

ဇာတ်ကားတွေရိုက်ကူးခဲ့တာကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့တူမလို့ပြောရ အောင်ကိုသရုပ်ဆောင်မှုတွေမှာပီပြင်လွန်းတာကြောင့် လဲပရိတ်သတ်တွေကချစ်ခင်နေကြရပါတယ်။

သရုပ်ဆောင် မေတိုးခိုင် ကတော့တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ လမ်းထွက်ကာလူထု

လှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ခဲ့တဲ့ အတွက်ကြောင့်လဲပုဒ်မ၅၀၅(က)

နဲ့မတရားအမှုဖွင့်ကာပြေတီဦး၊အိန္ဒြာကျော်ဇင်တို့နဲ့အတူနေအိမ်မှာဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ (၃၀) ရက်နေ့မှာတော့မေတိုးခိုင်ကပြန်လည်လွှတ်လာပြီး ပြေတီဦး ၊အိန္ဒြာကျော်ဇင်

တို့ကပြန်လွှတ်လာခြင်းမရှိသေးပါဘူး။ အခုတစ်ခါမှာဆိုရင်လဲ သရုပ်ဆောင် မေတိုးခိုင်က

သူမရဲ့ခံစားချက်တစ်ချို့ကိုသူမရဲ့ InstagramStory မှာရေးသားဖော်ပြထားပါတယ်။

ကျွန်မအသဲတွေကွဲရပါတယ် ၊တစ်ယောက်ကို တစ်ယောက်ချစ်ကြတဲ့မိသားစုဝင်တွေ

နေ့တိုင်းနီးပါးသေဆုံးနေတယ် ဆိုပြီးရေးသားလာတာပဲဖြစ်ပါတယ်။

ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာ

ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိ်ုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Creditmdatenews

mdatenews