J fire ရဲ့အသစ်ထွက်တဲ့ သင်္ကြန်သီချင်း MV ထဲမှာ သူမရဲ့မျက်နှာ အမူအယာပျက်နေရတဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲ့ ခိုင်မြဲသစ္စာ

ပရိတ်သတ်ကြီးရေ….အဆိုတော် ခိုင်မြဲသစ္စာဟာ မကြာသေးမီက ထွက်ရှိလာခဲ့တဲ့ J fire နဲ့ အတူ သီဆိုထားတဲ့ “ရွှင်လန်းကာ စိတ်ချမ်းသာကြစေ” သင်္ကြန် သီချင်းအသစ် MV ထဲမှာ သူမရဲ့ မျက်နှာ အမူအယာမကောင်းတာနဲ့ ပတ်သတ်ပြီး ရှင်းပြပေးလာခဲ့ပါတယ်။

အဆိုမလေး ခိုင်မြဲသစ္စာဟာ MV ရောက်ဖို့ တစ်ပတ်အလိုမှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သွေးကြောမျှင် ပြတ်တောက်မှု ဖြစ်လို့ ဆေးကုသမှု ခံခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဉ် အကျဉ်းနဲ့ ပတ်သတ်ပြီး အဆိုတော်မလေး ခိုင်မြဲသစ္စာက အခုလို ရှင်းပြပေးထားပါတယ်။

အသံလေးဘဲနားဆင်ခံစားပေးပါနော် တျဲလေးတို့ဟုတ်တယ် လူကတော့ ရုပ်တော်တော်ဆိုးနေလို့ပါရှင့်🥺ခိုင်မြဲ Mv ရိုက်ကူးမဲ့ရက်ရောက်ဖို့ တပတ်အလိုမှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သွေးကြောမျှင်ပြတ်တောက်မှုဖြစ်လို့ ဆေးကုသမှူခံယူခဲ့ရပါတယ်ဓမ္မတာဖြစ်နေစဉ် ဆိုင်မှာဆံပင်ခေါင်း​လျှော်ပေါင်းတင် နားဆေးလုပ်ခဲ့တယ်….

အခါတိုင်းလည်းလုပ်နေကြပါဘဲ …ညရောက်တော့ ဦးခေါင်းနှောက်စေ့နဲ့ ခေါင်းညာဘက်တခြမ်း ညာနားတဖက် မခံမရပ်နိုင်အောင်ထိုးကိုက်တာခံစားရပါတယ်(အရင်ထဲက အာရုံကြောအားနည်းပီး ခေါင်းနဲ့မျက်ရိုးအမြဲတမ်းကိုက်တတ်သူမို့ ခုလည်းပုံမှန်ကိုက်တာနေမှာဘဲထင်ခဲ့တာ)နောက်မနက်မှာ ခေါင်တခြမ်းနဲ့မျက်နှာတခြမ်းအရမ်းတင်းနေတယ်

မျက်တောင်ခတ်မရ ပြုံးမရတော့ပါဘူး ဆရာဝန်ပြတော့မှ ဦးနှောက်အာရုံကြောအအေးပတ်သွားတာကြောင့် ဦးခေါင်းနောက်စိကသွေးကြောမျှင်ငယ်လေးအချို့ပြတ်တောက်သွားပီး မျက်နှာတခြမ်းသွေးလည်ပတ်မှူရပ်တန့်သွားခဲ့တာပါတဲ့ 😢ဒါပေမဲ့ ကုသမှူခံယူနေတဲ့ကြားက ကိုယ့်နေရာလေးမှာပါဝင်နိုင်ဖို့

ရန်ကုန်ထိသွားရောက်ရိုက်ကူးခဲ့တယ်ပြုံးနိုင် ရီနိုင်ခြင်း မရှိခဲ့လို့ MV ထဲ ရုပ်တည်ကြီးနဲ့ပါစကားသေချာမပြောနိုင်လို့ စာသားတွေပါးစပ်လှူပ်ပီးတောင် ပီပြင်အောင်လိုက်ဆိုနိုင်ခြင်းမရှိလောက်အောင် အခြေအနေတော်တော်ဆိုးပါတယ်ယုံကြည်မှူကင်းမဲ့ပီး စိတ်ဓါတ်တွေလုံးဝကျနေခဲ့ချိန်ပါ….

ရိုက်ခါနီးမှဖြစ်ရလို့လည်း အရမ်းဝမ်းနည်းခဲ့ရပါတယ်…..ကို jfire နဲ့အတူTeam တခုလုံးက ဘားမှမဖြစ်ဘူးအဆင်ပြေသွားမှာပါ စိတ်မပူပါနဲ့ ဆိုတဲ့အားပေးနှစ်သိမ့်စကားတွေတွေကြောင့် ကြိုးစားလုပ်ဆောင်နိုင်ခဲ့တာ…..မျက်နှာတွေယောင်နေလို့

လိမ်းပေးတဲ့ မိတ်ကပ်ပညာရှင်တွေကိုလည်းအားနာမိပါတယ် ရိုက်ကူးရေးပညာရှင်တွေကလည်း အဆင်အပြေဆုံးလေးဖြစ်အောင်ဝိုင်းကယ်ပေးကြလို့ အားလုံးကိုကျေးဇူးလည်းတင်ရပါတယ်ရှင့်ကိုယ့်တျဲတွေလည်း သတိထားကြပါ

အမြဲလုပ်နေကြဖြစ်ပေမဲ့ အခန့်မသင့်တော့ဖြစ်သွားတာ ကိုယ်တွေ့သင်ခန်းစာရပါပီ အရမ်းလည်းကြောက်ပါပီမဆင်ခြင်မိတဲ့ ကိုယ့်အမှားကြောင့်ပါခိုင်မြဲလိုအမှားမျိုးမလုပ်မိကြပါနဲ့ ကျန်းမာရေးအထူးဂရုစိုက်ကြပါနော်အားပေးကြတဲ့

သူလေးတွေအယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်သက်ြန်းတွင်းအိမ်မှာနေပီး သီချင်းလေးတွေနားထောင်ရင်း ခနတာ စိတ်မောတွေပြေကြပါစေအားလုံးရဲ့ ထပ်တူဆန္ဒတွေအမြန်ဆုံးပြည့်ဝအောင်မြင်ပီးခိုင်မြဲတို့သီချင်းလေးအတိုင်း…………. ရွှင်လန်းကာစိတ်ချမ်းသာကြစေ🙏

ဆိုပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။ကျန်းမာရေး အဆင်မပြေတဲ့အချိန်မှာ MV ထဲ ရအောင် ပါဝင်နိုင်တယ်ဆိုကတည်းက စိတ်ဓာတ်လေးက တော်တော်လေးစားဖို့ ကောင်းနေပါပြီ။ အဆိုတော် J fire နဲ့ ခိုင်မြဲ သစ္စာတို့ သီဆိုထားတဲ့ သင်္ချာသီချင်းလေး ကို အောက်မှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။

Credit ; MMload

mdatenews

mdatenews