ရည်စားဟောင်းရဲ့ နောက်ဆုံးထွက်သက်ထိ အကောင်းဆုံးသူငယ်ချင်းဖြစ်ပေးသွားခဲ့တဲ့ လမ်းခွဲပီးသားချစ်သူ

 

ကိုယ့်ရဲ့ရည်းစားဟောင်းကို သူငယ်ချင်းတစ်ယောက်အနေနဲ့ ပြန်ပြီးတော့အတူရှိဖို့ဆိုတာ လူတိုင်းအတွက်ကတော့ မလွယ်ကူလှပါဘူး ။ ဒီတစ်ခေါက်ဖော်ပြမဲ့ Charlene အမည်ရှိတဲ့ ကောင်မလေးနဲ့ Reeves အမည်ရှိတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ လူတိုင်းမထင်ထားမိတဲ့ ဇာတ်လမ်းတွေထဲမှာသာ တွေ့မြင်နိုင်တဲ့ပုံစံမျိုးပါ ။ သူတို့နှစ်ဦးရဲ့ ရင်နာလွန်းလှတဲ့အဖြစ်အပျက်ကို Charlene က သူမရဲ့ facebook စာမျက်နှာမှာ ဝေမျှသွားခဲ့ပါတယ် ။

 

 

သူမတို့နှစ်ဦးဟာ facebook မှာ စကားစမြည်းတွေပြောကြရင်း ခင်မင်ရင်းနှီးသွားခဲ့ကြကာ 2014 ခုနှစ်မှာတော့ ကောင်လေးက Charlene ကို သူ့ရဲ့ခံစားချက်ဝန်ခံခဲ့ပြီး သူတို့နှစ်ဦးချစ်သူတွေဖြစ်ခဲ့ကြပါတယ် ။

 

 

ကောင်လေးကတော့ သူတို့ရဲ့ relationship ရဲ့ အရာရာတိုင်းကို Charlene သဘောကျ control လုပ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ် ။ ဒါကြောင့် Charlene ကလည်း သူမကြိုက်နှစ်သက်တဲ့ One More Chance ဇာတ်ကားထဲက အတိုင်း 3 လခန့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

 

 

3လ ပြည့်ပြီးနောက်မှာ ပြန်တွဲခဲ့ကြပေမဲ့ အကြောင်းပြချက်တွေကြောင့် Charlene ကို ထပ်မံလမ်းခွဲခဲ့ပြန်ပါတယ် ။အဆိုပါအချိန်ကတည်းကစပြီး သူမတို့နှစ်ဦးဟာ ချစ်သူရည်းစားမဟုတ်ပဲ သူငယ်ချင်းအဖြစ်နဲ့သာ ဆက်ပြီးအတူရှိနေခဲ့ကြတာပါ ။

 

တစ်ရက်မှာတော့ Charlene ဟာ Reeves တက်ရောက်ဆေးကုသနေတဲ့ ဆေးရုံသို့အလျင်အမြန်ပြေးလိုက်သွားခဲ့ပါတော့တယ် ။ ထို့နောက် ဆေးကုသမှုခံယူနေတဲ့ Reeves ကို ဆက်ပြီးအားတင်းထားနိုင်အောင် အရင်အချိန်က အမှတ်ရစရာ အဖြစ်အပျက်လေးတွေပြောပြီး လက်ထပ်ဖြစ်မဲ့အခြေအနေထိကို သူမတို့အစီအစဉ်တွေချမှတ်ရတဲ့အထိကို ပျော်ရွှင်ခဲ့ကြရပါတယ် ။

 

 

သို့ပေမဲ့လည်း တစ်ရက်မှာ ညစာအတူစားဖို့စောင့်နေရင် Reeves ရဲ့ တောင်းပန်းစာကို Charlene လက်ခံရရှိခဲ့ပါတယ် ။အကြောင်းကတော့ ရောဂါအခြေအနေသက်သာလာအောင် ဆက်ပြီးမခုခံနိုင်ဘဲ ပင်ပန်းလာလို့ အရင်ဆုံးထွက်ခွာသွားခဲ့မိတဲ့အကြောင်း ရေးသားထားတဲ့စာလေးဖြစ်နေခဲ့ပါတယ် ။ တစ်ကယ့်ကို အဆုံးထိ Charlene အပေါ် အချစ်စစ်တွေပေးခဲ့တဲ့ ကောင်လေးလို့ ပြောရမှာပါပဲ ။

 

CRD:News Gabarmdatenews

mdatenews