အီတလီနိုင်ငံရဲ့ Padua မြို့က သတင်းစာမျက်နှာတစ်ခုမှ ာသူမကိုကျေးဇူးတင်ကြောင်း ဖော်ပြထားလို့ ဝမ်းမြောက်ဂုဏ်ယူနေတဲ့ ချမ်းချမ်း
Credit ; Celebrity Platforms
ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်ချမ်းချမ်းကတော့ကိုယ်ပိုင်အမ်ဘမ်များစွာထွ​က်ရှိထားပြီးဂီတနယ်ပယ်မှာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။လက်ရှိမှာချမ်းချမ်းကခင်ပွန်းဖြစ်သူနဲ့အီတလီမှာသွားရောက်နေထိုင်နေပြီးချစ်စရာသမီးငယ်လေးကိုပိုင်ဆိုင်ထားပါတယ်။ချမ်းချမ်းဟာဆိုရင်သမီးငယ်လေးကိုလည်းပြုစုစောင့်ရှောက်ရင်းပျော်ရွှင်ကြည်နူးနေရတာဖြစ်ပါတယ်နော်။
ဒီကနေ့မှာဆိုရင်တော့ ချမ်းချမ်းကအီတလီနိုင်ငံရဲ့ Pavoda မြို့ကသတင်းစာမ်က္ႏွာမွာသူမအကြောင်းကိုထည့်သွင်းဖော်ပြထားကြောင်းဝမ်းသာဂုဏ်ယူစွာနဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။ချမ်းချမ်းက”Padova ရဲ့ သတင်းစာမျက်နှာလေးတခုမှာ ကိုယ့်အကြောင်းလေးတင်လာတော့ ဝမ်းသာမိတယ်သိပ်လှတဲ့padova ဘယ်နေရာရောက်ရောက် သဘာဝအလှအပတွေကိုချီမွမ်းဖို့ဝန်မလေးတဲ့ ကျမရဲ့အကျင့်လေးပေါ့❤️❤️ဘယ်ရောက်ရောက် ကိုယ့်နိုင်ငံအတွက် တဖက်တလမ်းကနေ အမြဲ ကိုယ်တတ်နိုင်သလောက်ကြိုးစားနေတယ်
တဖက်ကလဲ သူတို့နိုင်ငံမှာကိုယ်လာနေတဲ့အတွက် သူတို့မြို့ရဲ့သဘာဝအလှအပတွေကို ချီးကျူးမိလိုက်တယ်အချိန်ခဏလေးအတွင်းမှာပဲ ဒီသတင်းစာမျက်နှာကနေကိုယ့်ကိုကျေးဇူးတင်ကြောင်းတုန့်ပြန်လာတယ် ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှူ အနုပညာလက်ရာတွေနဲ့ပြည့်နက်နေတဲ့ padova ❤️❤️”ဆိုပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်.
ထပ်ပြီးတော့လည်း ချမ်းချမ်းသူတို့တင်ထားတဲ့စာလေးကို “သူတို့တင်ထားတာလေးပါသူမလို follower သန်းချီပီးရှိတဲ့ အနုပညာရှင် အဆိုတော်တယောက်က ကျနော်တို့ရဲ့မြို့လေးကိုသိပ်လှကြောင်းချီမွမ်းတဲ့အတွက် အထူးပင်ကျေးဇူးတင်ပါတယ်ယဉ်ကျေးမှုနဲ့ အနုပညာ လက်ရာထွန်းကားတဲ့ဒီ padovaမြို့လေးကို ချစ်ပေးတဲ့ Yangon မြို့က အဆိုတော် မော်ဒယ်လ် မချမ်းချမ်းကို ကျနော်တို့ ကလဲ အမြဲကြိုဆို လျက်ပါ❤️❤️❤️❤️” ဆိုပြီး ဘာသာပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။
ချမ်းချမ်းဟာဆိုရင် မြန်မာနိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေကြိုးစားပေးနေသလို သူမရောက်ရှိနေတဲ့နေရာမှာလည်း ဂုစ်ယူစရာသတင်းတွေကို သယဆောင်ပေးနေတာပဲဖြစ်ပါတယ်နော်.။။ပရိတ်သတ်ကြီးလည်း ချမ်းချမ်းအတွက်ဂုဏ်ယူနေကြမယ်လို့ထင်ပါတယ်နော်။mdatenews
mdatenews