မိခင်ကြီးမဆုံးပါးခင်ကတည်းက သူမတို့နဲ့အတူ ဆိုးတူကောင်းဖက် နေထိုင်ပြီး စောင့်ရှောက်ပေးတဲ့ အစ်မကို surprise အကြီးကြီးတိုက်လိုက်တဲ့ မေပန်းချီ







Credit -CeleGabar

Soure – MayPanche

ပရိတ်သတ်ကြီးရေရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီဆိုတာ ပရိတ်သတ်တွေတစ်ခဲနက် အားပေးမှုဝန်းရံမှုတွေကိုရရှိထားတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ အမိုက်စားခန္တာကိုယ်ကောက်ကြောင်းအလှတွေနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံလေးပေါက်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ နာမည်ကြီး မင်းသမီးတွေထဲကတစ်ယောက်လည်းဖြစ်ပါတယ်နော်။

ဒါ့အပြင် လူကြီးမိဘတွေအပေါ်မှာ အရမ်းကိုရိုသေကိုင်းရှိုင်းတဲ့ သူတစ်ယောက်ပါ။ မကြာသေးမီကမိခင်ကြီးဆုံးပါးသွားခဲ့ပေမယ့်မိခင်ကြီးအပေါ်ရော သူမအပေါ်မှာပါ လိုလေသေးမရှိဝိုင်းဝန်းပြုစုပေးတဲ့ သူမရဲ့ ဆွေမျိုးလိုချစ်ရ​တဲ့ အစ်မကို ရွှေလက်စွပ်လက်ဆောင်ပေးကာsurpriseတိုက်ခဲ့တာပါ။

သူမတို့Covidကာလမှာcovidဖြစ်နေစဉ်မှာ အနားမှာပြုစုစောင့်​ရှောက်ခဲ့တာကြောင့် တစ်ဦးစေတနာတစ်ဦးဆိုသလိုပြန်လည် သိတတ်မှုရှိတဲ့မေပန်းချီစိတ်ဓာတ်လေးကတော့လေးစားစာရာပါပဲနော်။ လက်ဆောင်ပေးခဲ့​တဲ့Surpriseဗီဒီယိုဖိုင်လေးကြောင့် ပရိသတ်တွေလည်း လိုက်ငိုခဲ့ရတဲ့အထိပါပဲတဲ့ ပရိသတ်ကြီးရေ။

Credit -CeleGabar

Soure – MayPanche

Video Player

mdatenews

mdatenews