ကိုဗစ်ကူးစက်ခံနေရပြီး မိဘနှစ်ပါလုံး နေမကောင်းဖြစ်နေတာကြောင့် ကိုယ်တိုင်ပြုစုပေးနေရကြောင်းပြောပြလာတဲ့ မင်းသားရှင်မွေလ

 

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် မင်းသား ရှင်မွေလကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ရှင်မွေလကတော့ အနုပညာနယ်ပယ်မှာ ရုပ်ရှင်ဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့သူပဲဖြစ်ပါတယ်နော်။

 

 

ရှင်မွေလကတော့ အများရဲ့ အချစ်တွေကို ရရှိထားသူ ဖြစ်သလိုပဲ အိမ်မှာ လည်း သားလိမ္မာ တစ်ယောက်လို့ ဆိုရမှာပါ.။ သြဂုတ်လ (၅)ရက်နေ့မှာ ရှင်မွေလက ကိုဗစ်ပိုးကူးစက်ခံရပြီး ကျန်းမာရေးမကောင်းတဲ့ မိဘနှစ်ပါးအတွက် သချောလေး ပြုစုကာ အမြစ်ပြတ်တိုက်ထုတ်နေတဲ့ အကြောင်းလေးကို “အဖေရော အမေရော နေမကောင်းဘူး ခေါင်းတွေလဲမှုး မောလဲမော သွေးပေါင်တွေလဲကျ နှလုံးတုံ ချောင်းဆိုး အနံတွေလဲပျောက် အရသာတွေလဲပျောက်???အဲ့တော့ ကျွန်တော်ပြုစုရမယ်။

 

ကျွန်တော်ကျန်းမာမှဖြစ်မယ်ဆိုတဲ့ စိတ်ကိုအပြည့်မွေးပြီး အားရှိအောင်စားတယ်။ အိပ်တဲ့အချိန်နဲ့ စားတဲ့အချိန်ကလွဲရင် အိမ်မှာ အချိန်တိုင်း mask တပ်ထားတယ် အမြဲလက်ဆေးတယ်။ ကျွန်တော့်အခန်းကို တစ်ရက်ကို Dettol (3) ခါလောက်ဖြန်းတယ်။ အဲ့လိုနဲ့ ….အခု Day (9) လဲရောက်တော့ အမေရော အဖေရော ဒီနေ့သက်သာတယ် အရသာလဲရပြီ။

 

 

အစားတွေလဲစား ကျွန်တော်လဲ အခုထိ အေးဆေးပဲဆိုတော့ နည်းနည်းတော့ ပျော်မိတယ်???နောက်ရက် တွေလည်း အခုလို လုံးဝမပေါ့ဘဲ ဒီ ကောင် ကိုဗစ်ကို အပြီးထိနိုင်အောင်တိုက်မယ်???” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ပရိသတ်ကြီးလည်း မိဘနှစ်ပါးအတွက် အကောင်းဆုံးဖြစ်အောင် ပြုစုပေးရင်း ကိုဗစ်ပိုးကြီးကို တိုက်ထုတ်နေသူ ရှင်မွေလအတွက် အားပေးစကားလေး ပြောပေးခဲ့ပါဦးနော်.

 

mdatenews

mdatenews