​ရေရှားပါးပြီး အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေမှာ ရေကား (၆) စီးစာ ရေ (ဂါလံပေါင်း ၁၀,၀၀၀ ကျော်) အလှူပြုလုပ်ခဲ့တဲ့ ဝတ်မှုံရွှေရည်

ပရိသတ်ကြီးရေ ဝတ်မှုံရွှေရည်ကတော့အကယ်ဒမီဆုနှစ်ဆုပိုင်ရှင်မင်းသမီးတစ်လက်ပါ။ သူမရဲ့ဇာတ်ကားတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုပိုလက်ရာမြောက်ကာ

ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်လက်လို့တောင်ဆိုရမှာပါ။အမြဲရှင်းသန့်ကျော့ရှင်းကာ အရုပ်လေးတစ်ရုပ်လိုအမြဲလှပနေတဲ့ ဝတ်မှုံရွှေရည်ကို ချစ်ပရိသတ်တွေကချစ်စနိုးနဲ့ရွှေကစ်လို့လည်းခေါ်ကြပါသေးတယ်။

ဒီနေ့မှာတော့” April လ အစမှာ ရေ အလှူကုသိုလ်လေးတစ်ခုလုပ်ဖြစ်ပါတယ်။ ဒီနေ့ မြောက်ဒဂုံမြို့နယ် (၄၁) တိုးချဲ့ရပ်ကွက် မဟာမြိုင်အိမ်ရာ သာယာရေး ကော်မတီနဲ့ ချိတ်ဆက်ပြီးရေ ရှားပါးတဲ့

နေရာတွေမှာ ရေကား (၆) စီးစာ ရေ ဂါလံပေါင်း ၁၀,၀၀၀ ကျော် အလှူပြုလုပ်ခဲ့ပါတယ်။ 🙏🏻 ကစ်ရဲ့ လက်လှမ်းမိသလောက်အလှူလေး က တကယ်လိုအပ်နေတဲ့ ရပ်ကွက် လူတစ်စုအတွက်ထောက်ပံ့ပေးနိုင်တယ်ဆိုရင်ပဲ ပီတိဖြစ်မိပါတယ်။

ကစ်ရဲ့ အလှူကို အထမြောက်အောင် ကူညီပေးတဲ့ ဆရာ မြင့်ဦးဦးမြင့်ကိုလည်း ကျေးဇူး တင်ပါတယ်။ သွားရောက်အလှူပြုချင်တဲ့ သူတွေ အနေနဲ့လည်း ဆရာ မြင့်ဦးဦးမြင့် နဲ့ ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်လို့။နှစ်သစ်မှာ လိုအင်ဆန္ဒများ ပြည့်ဝပြီး ရေအကျိုး(၁၀)ပါးလည်း ထပ်တူရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ” ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်လာခဲ့တာပါ။

ပရိသတ်တွေလည်း ရွှေကစ်ရဲ့အလှူလေးကို သာဓုခေါ်ခဲ့ကြပါဦးနော်။

Koe- CeleGabar

Source- WuttHmoneShweYi

ZawgyiFontဖြင့်ဖတ်ရန်

ပရိသတ္ႀကီးေရ ဝတ္မႈံေ႐ႊရည္ကေတာ့အကယ္ဒမီဆုႏွစ္ဆုပိုင္ရွင္မင္းသမီးတစ္လက္ပါ။ သူမရဲ႕ဇာတ္ကားေတြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ပိုပိုလက္ရာေျမာက္ကာ ထိပ္တန္းစာရင္းဝင္မင္းသမီးတစ္လက္လို႔ေတာင္ဆိုရမွာပါ။အၿမဲရွင္းသန္႔ေက်ာ့ရွင္းကာ အ႐ုပ္ေလးတစ္႐ုပ္လိုအၿမဲလွပေနတဲ့ ဝတ္မႈံေ႐ႊရည္ကို ခ်စ္ပရိသတ္ေတြကခ်စ္စႏိုးနဲ႔ေ႐ႊကစ္လို႔လည္းေခၚၾကပါေသးတယ္။

ဒီေန႔မွာေတာ့” April လ အစမွာ ေရ အလႉကုသိုလ္ေလးတစ္ခုလုပ္ျဖစ္ပါတယ္။ ဒီေန႔ ေျမာက္ဒဂုံၿမိဳ႕နယ္ (၄၁) တိုးခ်ဲ႕ရပ္ကြက္ မဟာၿမိဳင္အိမ္ရာ သာယာေရး ေကာ္မတီနဲ႔ ခ်ိတ္ဆက္ၿပီးေရ ရွားပါးတဲ့ ေနရာေတြမွာ ေရကား (၆) စီးစာ ေရ ဂါလံေပါင္း ၁၀,၀၀၀ ေက်ာ္ အလႉျပဳလုပ္ခဲ့ပါတယ္။ကစ္ရဲ႕ လက္လွမ္းမိသေလာက္အလႉေလး က တကယ္လိုအပ္ေနတဲ့ ရပ္ကြက္ လူတစ္စုအတြက္ ေထာက္ပံ့ေပးႏိုင္တယ္ဆိုရင္ပဲ ပီတိျဖစ္မိပါတယ္။

ကစ္ရဲ႕ အလႉကို အထေျမာက္ေအာင္ ကူညီေပးတဲ့ ဆရာ ျမင့္ဦးဦးျမင့္ကိုလည္း ေက်းဇူး တင္ပါတယ္။ သြားေရာက္အလႉျပဳခ်င္တဲ့ သူေတြ အေနနဲ႔လည္း ဆရာ ျမင့္ဦးဦးျမင့္ နဲ႔ ဆက္သြယ္ၿပီး လႉဒါန္းႏိုင္ပါတယ္လို႔။ ႏွစ္သစ္မွာ

လိုအင္ဆႏၵမ်ား ျပည့္ဝၿပီး ေရအက်ိဳး(၁၀)ပါးလည္း ထပ္တူရၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ” ဆိုတဲ့စာေလးနဲ႔ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ တင္လာခဲ့တာပါ။rပရိသတ္ေတြလည္း ေ႐ႊကစ္ရဲ႕အလႉေလးကို သာဓုေခၚခဲ့ၾကပါဦးေနာ္။

Koe- CeleGabarmdatenews

mdatenews