လောကငရဲကို အပြည့်အဝခံစားနေရတဲ့ မွေးနေ့ဖြစ်နေကြောင်း ဝမ်းနည်းစွာနဲ့ရင်ဖွင့်လာတဲ့ နေမင်း

 

 

ပရိတ်သတ်ကြီးရေ….သရုပ်ဆောင် နေမင်းဟာ မကြာသေးခင် ရက်ပိုင်းလောက်က သူ့ရဲ့ ဖခင် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းခံစားနေရတာ ဖြစ်ပါတယ်။ နေမင်းဟာ မိဘနှစ်ပါးလုံးကို လိုလေသေးမရှိအောင် ဂရုစိုက်နေတဲ့ကြားက

 

ဖခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် ပြောမပြတတ်အောင် နာကျင်ခံစားနေရမှာ အသေချာပါပဲ။ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို ကြုံတွေ့နေရတဲ့အတွက် ဒီနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာတောင် မပျော်ရွှင်နေရကြောင်း ဖွင့်ဟထားပါတယ်။

 

 

သူ့ရဲ့ မွေးနေ့တိုင်း မိသားစုနဲ့ အတူရှိနေခဲ့ပြီး ဒီနှစ်မှာတော့ ဖခင်ဖြစ်သူ လော​ကကြီးကနေ အပြီးအပိုင် ထွက်ခွာသွားတဲ့အတွက် လောကငရဲကို အပြည့်အဝ ခံစားနေရတဲ့ မွေးနေ့ဖြစ်ခဲ့ရပြီဖြစ်ကြောင်းကို မကြာသေးခင် နာရီ ပိုင်းလောက်က နေမင်းရဲ့ လူမှုကွန်ယက်တွင် ရေးသားထားပါတယ်။ ပရိသတ်များနဲ့ အနုပညာရှင်များကလည်းစိတ်ဓာတ်မကျဖို့ အားပေးစကားပြောကြားရင်း နေမင်းအတွက် မွေးနေ ့ဆုတောင်းလေးတွေကိုပါ ရေးသားထားကြတာကိုလည်း comment တွင် မြင်တွေ့ရပါတယ်။

 

 

အခုချိန်ကာလဟာ လူကြီးမိဘတွေ နားမကျန်းဖြစ်ရအောင် သားသမီးများမှ သေချာဂရုတ စိုက်ရှိနေရမယ့်ကာလဖြစ်ပါတယ်။ သရုပ်ဆောင် နေမင်းတစ်ယောက်လည်း ကျန်းမာရေးဂရုစိုက်ပြီး ခံစားနေရတာတွေ

 

 

အားလုံး အမြန်ဆုံး ပြန်လည်အဆင်ပြေပါပြီး နောင်နှစ်မွေးနေ့တွေမှာလည်း မိသားစုဝင်များနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

 

CRD – Myanmarloadmdatenews

mdatenews