ဘဝအတွက် အကြီးမားဆုံး ဆုံးရှုံးမှုနဲ့ ကြုံနေရတဲ့ အချိန်မှာတောင် အကောင်းဆုံးဖြစ်မဲ့အရာကို ပြင်ဆင်နိုင်တဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကြောင့် ပရိသတ်တွေချီးကျူးနေခဲ့ရတဲ့ မေပန်းချီ









Source – May Panche

Credit – CeleZone

ပရိသတ်ကြီးရေ မေပန်းချီကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ အမြဲလိုလို ပြဿနာတွေနဲ့ကြုံတွေ့ရတိုင်းမှာ အေးဆေးတည်ငြိမ်စွာနဲ့ ဖြေရှင်းတတ်တဲ့မေပန်းချီကတော့ အခုတစ်ခေါက်မှာလည်း ပရိသတ်တွေရဲ့ချီးကျူးမှုကို ခံနေရပြန်ပါတယ်။

အခုတစ်ခေါက်မှာတော့ မေပန်းချီက မိခင်ကြီးကို လွမ်းဆွတ်တမ်းတနေခဲ့ပြီး မိခင်ကြီးမကွယ်လွန်ခင်နောက်ဆုံးအချိန်မှာ အနီးကပ်ပြုစုစောင့်ရှောက်ခဲ့တဲ့ ဗီဒီယိုလေးကို အလွမ်းပြေမျှဝေဖော်ပြလာခဲ့ပါတယ်။ဗီဒီယိုလေးထဲမှာတော့ မေပန်းချီက မိခင်ကြီးရဲ့ နောက်ဆုံးချိန်မှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး မိခင်ကြီးအတွက် အဓိကနဲ့ သာမညခွဲခြားကာ မိခင်ကြီး အေးချမ်းမှုတွေရရှိနိုင်ဖို့ လိုအပ်တာကို ပြုလုပ်ပေးနေခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ကိစ္စတိုင်းကို ရင့်ကျက်တည်ငြိမ်စွာနဲ့ လုပ်သင့်လုပ်ထိုက်တာကို အဓိကထားလုပ်ဆောင်တတ်တဲ့ မေပန်းချီရဲ့ စိတ်ဓာတ်နဲ့ လုပ်ရက်ကို ချီးကျူးနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ တကယ်ကိုပဲမေပန်းချီရဲ့ စိတ်ဓာတ်နဲ့လုပ်ရက်ကတော့ ချီးကျူးထိုက်တာတော့ အမှန်ပါပဲနော်။

Source – May Panche

Credit – CeleZone

Video Player

mdatenews

mdatenews