သရုပ်ဆောင်ကျော်စိုးအတွက် တတ်နိုင်သလောက် မုန့်နဲ့ အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ ဝေလာရီ

 

သရုပ်ဆောင်ကျော်စိုးအတွက် တတ်နိုင်သလောက် မုန့်နဲ့ အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ ဝေလာရီ ဝေလာရီကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။

 

 

ရုပ်လေးကလည်း လှသလို စိတ်ထားလေးကလည်းကောင်းပြီး အလှူအတန်းတွေလည်း ရက်ရောလွန်းလှတဲ့သူတစ်ယောက်လည်း ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတဲ့သူတစ်ယောက်ပါ။

 

 

လတ်တလောမှာလည်း ဝေလာရီက နေမကောင်းဖြစ်နေတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် ကျော်စိုးအတွက် သူတတ်နိုင်သလောက် မုန့်နဲ့ လိုအပ်တဲ့နေရာတွေနဲ့ဆေးဖိုးအဖြစ်သုံးနိုင်ရန်အတွက် အလှူငွေတွေလှူဒါန်းပေးခဲ့ပါသေးတယ်။

 

 

ဝေလာရီကသူတတ်နိုင်သလောက်လေး လှူဒါန်းပေးခဲ့တာဖြစ်ပြီး ကိုယ်တိုင်တော့သွားရောက်မလှူနိုင်ခဲ့ပေမဲ့ အကိုတစ်ယောက်ကို အကူညီတောင်းပြီး အိမ်တိုင်ရာရောက်သွားရောက်လှူဒါန်းပေးခဲ့တာပါ။ဝေလာရီရဲ့ အကူညီလိုအပ်နေတဲ့သူတွေကို တတ်နိုင်သလိုကူညီပေးတဲ့ စိတ်ထားလေးကတော့ တကယ့်ကိုမှမွန်မြတ်လှတဲ့ စိတ်ထားလေးပါပဲနော်။

 

 

Source – Wai Lar Ri –mdatenews

mdatenews