တစ်ခေတ်တခါက နှုတ်ခမ်းနီမလေးတွေရဲ့အချစ်ဦးဖြစ်ခဲ့ကြပြီး လူငယ်ပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ကြတဲ့ မင်းသားချောများ

လွန်ခဲ့တဲ့ အနှစ် ၂၀ ပတ်ဝန်းကျင်ကာလတုန်းက ကာရာအိုကေသီချင်း VCD တွေမှာ အမြဲတမ်းလိုလိုပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ မိန်းကလေးတွေရဲ့အသည်းစွဲ သရုပ်ဆောင်တွေရှိကြပါတယ်။ အဲဒီအချိန်တုန်းကတော့ သူတို့တွေဟာ ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေကြားထဲမှာ နာမည်ကြီးခဲ့ကြသူေ တွဖြစ်ပေမယ့်လည်း ဒီနေ့အချိန်မှာ

ပရိသတ်တွေရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်နေကြပြီး တချို့တွေကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျှက်ရှိကြဆဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားတွေဖြစ်ခဲ့ကြတဲ့သူတို့တွေ အခုဆိုရင် ဘယ်လိုတွေများပြောင်းလဲသွားကြသလဲ။

ညီညီနေနိုင် ကတော့ ဗီစီဒီ သီချင်းတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲက ကိုကိုလို့တောင် တင်စားလို့ရပါတယ်။ ညီညီနေနိုင်ကတော့ အခုဆိုရင် အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ပေမယ့် အရင်ကအတိုင်း မပြောင်းလဲပဲရှိနေဆဲ ဖြစ်ပါတယ်။

“မမေးပါနဲ့” သီချင်း MV လေးမှာ သက်မွန်မြင့်နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ရင်း ပရိသတ်တွေသဘောကျခဲ့ရတဲ့ မိုင်းမိုင်း ကတော့ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ခဲ့ရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ မိုင်းမိုင်းက အခုဆိုရင် အနုပညာလုပ်ငန်းတွေကို လုံးဝမလုပ်ကိုင်တော့ဘဲ ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ ရိုးရှင်းစွာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။

ဆံပင်အလည်ခွဲလေးနဲ့ မိန်းကလေးတိုင်းရဲ့ အသည်းကျော်ဖြစ်ခဲ့တဲ့ ဟက်ကက်ကတော့ ရုပ်ချောသလို သီချင်းဆိုတာလဲ ကောင်းမွန်သူတစ်ဦးပါပဲ။ ဟက်ကက် ကတော့ အခုအချိန်ထိ အိမ်ထောင်မပြုသေးပဲ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါသေးတယ်။

အပြုံးချိုချိုလေးနဲ့ မိန်းကလေးတွေရဲ့ အသည်းကို ဖမ်းစားထားနိုင်တဲ့ မင်းသားချော ညီညီတာ ကတော့ လက်ရှိမှာ မိသားစုတွေနဲ့ အေးချမ်းစွာ နေထိုင်နေလျက်ရှိပါတယ်။ ညီညီတာကတော့ ငယ်ငယ်က အတိုင်း ဘာမှတောင် မပြောင်းလဲသွားပဲ အရွယ်တင်နုပျိုနေတာကို တွေ့ရပါတယ်။

ညင်သာနူးညံ့တဲ့ မျက်လုံးတွေရဲ့ပိုင်ရှင် ရဝေအောင် ဆိုတာကလည်း မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက ကိုကို ဖြစ်ခဲ့ဖူးသူတစ်ယောက်ပါပဲ။ ရဝေအောင် ဟာ အခုချိန်ထိ အိမ်ထောင်မပြုသေးပဲ လူပျိုကြီးအဖြစ် တစ်ယောက်တည်း အေးချမ်းစွာ နေထိုင်လျက်ရှိပါတယ်။

မှဲ့လေးနဲ့ မိန်းကလေးတွေကို ဖမ်းစားနိုင်သူ စိုင်းဘိုဘိုကလည်း တစ်ခေတ်တစ်ခါက ဗီစီဒီလောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်ခဲ့ဖူးသူပါ။ စိုင်းဘိုဘိုက လက်ရှိမှာတော့ သားသမီးတွေနဲ့အတူတူ ပျော်ရွှင်စွာ နေထိုင်ပြီး အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပါ။

အပြုံးချိုချိုလေးနဲ့ မင်းသားချော ရီဝေယံ ကလည်း ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရီဝေယံ ကလည်း အနုပညာလောကကနေ ပျောက်ကွယ်နေလျက်ရှိပြီး ပရိသတ်တွေ သတိတရရှိနေဆဲ မင်းသားတစ်လက် ဖြစ်ပါတယ်။

မင်းသားချော မင်းထက်ကျော်ဇင်ကလည်း ရုပ်ရှင်ဗီဒီယိုဇာတ်ကား တော်တော်များများမှာ သရုပ်ဆောင်ခဲ့ရင်း အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းထက်ကျော်ဇင်က မိသားစုနဲ့အတူတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေလျက်ရှိပါတယ်။ ပရိသတ်ကြီးရော ဒီမင်းသားတွေထဲက ဘယ်သူ့ကို အသည်းစွဲဖြစ်ခဲ့လဲဆိုတာ ပြောခဲ့ကြဦးနော်။

Credit ; Cele Onlymdatenews

mdatenews