ရောက်လာတာ မကြာသေးတဲ့ အိမ်အကူကောင်မလေးအပေါ် ထားတဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်လေးကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံနေရတဲ့ မြတ်သူသူ
Source – Myat Thu Thu
ပရိသတ်ကြီးရေ မြတ်သူသူကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်မအဝရရှိထားတဲ့ ပရိသတ်အချစ်တော်သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး အမြဲလိုလို သူတစ်ဖက်သားအပေါ်ကိုယ်ချင်းစာစိတ်အပြည့်ရှိတဲ့ မြတ်သူသူကတော့ ဒီနေ့မှာလည်း သူရဲ့လုပ်ရပ်လေး တစ်ခုကပရိသတ်တွေကြားမှာချီးကျူးစရာတစ်ခုဖြစ်နေခဲ့ပါတယ်။
မြတ်သူသူကတော့ သူ့ရဲ့အိမ်မှာ အိမ်အလုပ်တွေကူညီဖို့ ခေါ်ယူထားတဲ့ ညီမလေးကို မိန်းကလေးချင်းကိုယ်ချင်းစာစိတ်အပြည့်နဲ့ လက်ဝတ်လက်စားတွေဆင်ပေးခဲ့တာပဲဖြစ်ပါတယ်။ မြတ်သူသူကတော့ အခုလို လုပ်ပေးဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးဆိုတဲ့စကား အတိုင်းပါပဲ။ ကိုယ့်ဆီရောက်တာ (၄) လပဲ ရှိသေးပေမယ့် ညီမလေးတယောက်လို သမီးလေးတယောက်လိုပဲ ချစ်ရတဲ့သူလေး တခါတလေ တလွဲတွေလုပ်တတ်ပေမယိ့ အလိုက်သိလိမ္မာရှာလို့ ချစ်ရတဲ့ညီမလေး။
ဒီနေ့ ရောက်တာ (၄)လကျော်အမှတ်တရအနေနဲ့ မိန်းကလေးဆိုတော့ (နားကပ်/ဆွဲကြိုး/လက်စွပ်)ဆင်ပေးဖြစ်တယ် သူပျော်နေတော့လည်း ကိုယ်လည်းပီတိဖြစ်ရပါတယ် “ဆိုပြီး မျှဝေထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ မြတ်သူသူရဲ့ မိန်းကလေးချင်းကိုယ်ချင်းစာတဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကို ချီးကျူးထိုက် ပါပေတယ်နော်။
Source – Myat Thu Thu
Credit – CeleGabarmdatenews
mdatenews