ကိုဗစ်ရောဂါ ကူးစက်ခြင်းခံလိုက်ရကြောင်းပရိတ်သတ်တွေကိုအသိပေးလာတဲ့ တင်ဇာမော်

ကိုဗစ်ရောဂါ ကူးစက်ခြင်းခံလိုက်ရကြောင်းပရိတ်သတ်တွေကိုအသိပေးလာတဲ့

 

တင်ဇာမော် တင်ဇာမော်ကတော့ အဆိုတော်လောကမှာ အချိန်အတော်ကြာ

 

ရပ်တည်ထားနိုင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တွေများစွာကိုလည်း

 

ရယူထားနိုင်ခဲ့တဲ့အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ် ။

 

သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့ပြီး ယနေ့အချိန်ထိ ပရိသတ်အားပေးမှုကို ရ ရှိနေသူပါ။

 

မနေ့ကညပိုင်းလောက်မှာတော့ တင်ဇာမော်က သူရဲ့ ဖေ့ဘွတ်စာမျက်နှာလေးထက်ကနေ

 

စိတ်မကောင်းစရာ သတင်းလေးတစ်ခုကိုဝေမျှလာပါတယ် ။ ကိုဗစ် ရောဂါကို သူကိုယ်တိုင်

 

ခံစားနေရပြီဖြစ်ကြောင်းကို ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ဒါ့အပြင်

 

နေမကောင်းဖြစ်နေတာ ၃ ရက်ရှိပြီလို့လည်း သိရ ပါတယ်။

 

သူကိုယ်တိုင် စစ်ထားတဲ့ Test Kit လေးနဲ့အတူ ” ဒီနေ့… တစ်နေကုန် မနက်ကနေည‌နေထိ

 

တောက်လျှောက်မနားတမ်း မေမေ့အတွက် လုပ်စရာတွေလုပ်နေရင်းက တီတီခိုင့်သတင်းကြားတော့

 

ခဏလောက်တော့ ထိုင်ချလိုက်ရတယ်.. ညနေ ရောက်တော့ကိုယ့်ဖာသာ ဝယ်ထားတဲ့

 

Test kit ကိုသုံးပြီး ဆရာမလေးတစ်ယောက်ကို အကူအညီတောင်း နှာခေါင်းနှိုက်ပြီးစစ်…

 

တော့ ကျမဆီ ဧည့်သည် ရောက်နေပါ‌ရောလား

 

မေမေ Day7 TZM Day 3 မေမေ အမြန်ဆုံးသက်သာပါစေ..မေမေ့အတွက် အောက်ဆီဂျင်တတ်နိုင်သမျှ

 

ကူညီပေးကြတဲ့ မိတ်ဆွေများရော ကူညီကြတဲ့ မိတ်ဆွေများရော အားလုံးကို ကျေးဇူး အထူး

 

အထူးတင်ပါတယ်ရှင်.. ” ရေးသားဖော်ပြထားရာ ပြန်လည်ဝေမျှပေးရင်း

 

အမြန်နေကောင်းပါစေ ဆုတောင်းပေး လိုက်ပါ တယ်နော် ။

Yuan – Cele Zone Photo – Tin Zar Mawmdatenews

mdatenews