သောက်သုံးရေ ရှာပါး ခက်ခဲသော ကျေးရွာများသို့ ရေကုသိုလ် သွားရောက်လှူဒါန်းမှု မှတ်တမ်းပုံရိပ်တွေကို ချစ်ရတဲ့ ပရိတ်သတ်တွေအား မျှဝေလာခဲ့တဲ့ မျိုးမင်းစိုး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီနေ့မှာ သောက်သုံးရေရှားပါးနေတဲ့ ကျေးရွာတွေကို ရေတွေသွားရောက်လှူဒါန်းခဲ့ပါတယ် ပရိသတ်ကြီးရေ။

မျိုးမင်းစိုးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့သင်တန်းသားတွေနဲ့အတူ ရေရှားပါးနေတဲ့ ဒေသတွေအတွက် ရေလှူဒါန်းသွားမယ့်အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထာခဲ့ပါတယ်

ဒီနေ့မှာတော့ သွားရောက်လှူဒါန်းခဲ့ပြီး အလှူလေးကိုလည်း “ညောင်ဦးမြို့နယ်အတွင်းသောက်သုံးရေရှာပါးခက်ခဲသောကျေးရွာများသို့ရေကုသိုလ်။

ကျန်တော်မိတ်ဆွေသူငယ်ချင်းများ၊ designerသင်တန်းသူတပည့်များနှင့်အတူ တစ်စီးလျှင်ရေဂါလံ(၁၆၀၀)ပါကားအစီး(၄၀)ကျော်လှူဒါန်းခဲ့ပါတယ်။

ရေအလှုကြောင့် သုံးစွဲရသောသူများကိုယ်စိတ်ကျန်းမာကြပါစေ။ ချမ်းမြေ့စိတ်နှလုံးရှိကြပါစေ။

အမြဲမပြတ် ကုသိုလ်ဖြင်ပြုရသောသူ ဖြစ်ပါရစေ။”ဆိုပြီး အလှူလေးအကြောင်းနဲ့အတူ အခုလို လှူဒါန်းနိုင်အောင် အစစအရာရာဆောင်ရွက်ကူညီကြသူတွေကိုလည်

းကျေးဇူးတင်စကားဆိုထားကာ ပီတိဖြစ်ဖွယ်အလှူမှတ်တမ်းပုံတွေကိုလည်း မျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မျိုးမင်းစိုးတို့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Myo Min Soe

-Zawgyi Font ဖြင့် ဖတ်ရန်-

သောက်သုံးရေရှာပါးခက်ခဲသောကျေးရွာများသို့ ရေကုသိုလ်သွားရောက်လှူဒါန်းမှု အလှူမှတ်တမ်းပုံရိပ်တွေကို မျှဝေလာခဲ့တဲ့ မျိုးမင်းစိုး




Source – Myo Min Soemdatenews

mdatenews