ညီမလေး ဂိုဂိုရဲ့ မွေးနေ့လေးကို ခမ်းနားစွာနဲ့ကျင်းပပေးခဲ့တဲ့ ရွှေရင်အေး

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ရွှေရင်အေးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး သဲနန္ဒာစိုးတို့ ညီအစ်မနှစ်ယောက်ကတော့

အနုပညာလောကမှာ အောင်မြင်မှုတွေအသီးသီးရရှိထားတဲ့ပရိသတ်အချစ်တော်တွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သဲနန္ဒာစိုး (ဂိုဂို)ရဲ့ မွေးနေ့ရက်မြတ်ကျရောက်ခဲ့ပါတယ်။

ညီမလေးဖြစ်သူဂိုဂိုရဲ့ မွေးနေ့ရက်မြတ်လေးကိုတော့ အစ်မဖြစ်သူ ရွှေရင်အေး(နိုနို)က ညီမလေးမသိအောင်မွေးနေ့ပွဲလေးပြုလုပ်ပေးခဲ့ပါတယ်။

ဂိုဂိုကတော့ အစ်မဖြစ်သူ နိုနိုရဲ့ Surprise မွေးနေ့ပါတီပွဲလေးကြောင့် ပျော်ရွှင်မဆုံးဖြစ်နေခဲ့ရပြီး ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့ပါတီပွဲ ဗီဒီယိုလေးကို မျှဝေဖော်ပြလာခဲ့ပါသေးတယ်။

ဗီဒီယိုလေးနဲ့အတူ အစ်မဖြစ်သူ ရွှေရင်အေးကိုလည်းကျေးဇူးတင်ကြောင်းကိုလည်း ပြောပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ နိုနိုကတော့ တကယ့်ကိုမှ

ညီမလေးအပေါ်မှာ အစ်မကောင်းပီသတဲ့သူတစ်ယောက်ဖြစ်ပြီး ဂိုဂို နိုနိုတို့ ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခင်မှုကတော့ တကယ်ကို အားကျစရာပါပဲနော်။

Video Player

Source – Thae Nandar Soe







Source – Thae Nandar Soemdatenews

mdatenews