နောက်ထပ်ရင်သွေးလေးတစ်ယောက်ထပ်မံရောက်ရှိလာတော့မည့်အကြောင်းဝမ်းသာအားရပြောပြလာတဲ့ အောင်လအန်ဆန်း

သူတို့ရဲ့မိသားစုထဲကို နောက်ထပ်ရင်သွေးလေးတစ်ယောက်ထပ်မံရောက်ရှိလာတော့မည့်အကြောင်းဝမ်းသာအားရပြောပြလာတဲ့ အောင်လအန်ဆန်း








Credit – CeleGabar

ပရိသတ်ကြီးရေ MMAချန်ယီယံတစ်ယောက်ဖြစ်တဲ့ ပရိသတ်အချစ်တော် အောင်လအန်ဆန်းကတော့ လတ်တလောမှာ နောက်ထပ်ရင်သွေးရတနာလေးတစ်ယောက်ကို ထပ်မံပိုင်ဆိုင်တော့မှာဖြစ်တဲ့အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

အောင်လကတော့ လက်ရှိမှာ သားတစ်ယောက်သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပြီး အောင်လရဲ့ ဇနီးမှာတော့ နောက်ထပ်ရင်သွေးလေးကိုကိုယ်ဝန်ဆောင်ထားရပြီပဲဖြစ်ပါတယ်။ ဒီနေ့မှာပါပဲ Gender Reveal ကိတ်လေးကိုခွဲတဲ့ ဗီဒီယိုလေးကိုတင်ကာ “We’ve got another boy due in August. The N Sang family is truly blessed. “ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကိုအသိပေးခဲ့တာပဲဖြစ်ပါတယ်။

ရင်သွေးလေးကတော့ သားယောက်ျာလေးတစ်ယောက်ဖြစ်တယ်လို့လည်း သိရှိရပြီး ရင်သွေးလေးကိုတော့ လာမယ့် သြဂုတ်လမှာမွေးဖွားသွားမှာလို့လည်း သိရှိရပါတယ်။ ပရိသတ်ကြီးရေ နောက်ထပ်သားယောက်ျားလေးတစ်ယောက်ကို ပိုင်ဆိုင်တော့မယ့် ဖေဖေအောင်လအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Source – Aung La Nsang(Burmese Python)

Credit – CeleGabarmdatenews

mdatenews