ဂျူဂျူးလေးကို မွေးဖွားပြီး ဆေးရုံကနေ အိမ်ပြန်လာတဲ့နေ့က ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ပရိတ်သတ်တွေကို ပြသလာခဲ့တဲ့ နန်းမြတ်ဖြိုးသင်း











Credit – CeleZone

ပရိသတ်ကြီးရေ နန်းမြတ်ဖြိုးသင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ချစ်စရာကောင်းလှတဲ့သားသားလေး မီးမီလေးနဲ့ အတူ ဘဝကိုအေးချမ်းစွာနဲ့ လောကဒဏ်တွေကို ကြံကြံခံပြီး ရင်ဆိုင်နေခဲ့ပါတယ်။ဒီနေ့မှာတော့ နန်းမြတ်က သူတို့ မိသားစုလေးစုံစုံလင်လင်ရှိခဲ့စဉ်က အမှတ်တရဗီဒီယိုလေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။

ဗီဒီယိုလေးက သမီးငယ်လေးဖြစ်တဲ့ ဂျူးဂျူးလေးကို ဆေးရုံမှာမွေးဖွားခဲ့ပြီး နေအိမ်ကို ပြန်လည်ခေါ်ဆောင်လာစဉ်က ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုဖိုင်လေးဖြစ်ပြီး နန်းမြတ်ကတော့ “အရင်ကပျော်စရာအချိန်လေးတွေ။ ဂျူးလေးကိုဆေးရုံကနေပထမဆုံးအိမ်ပြန်ခေါ်လာတဲ့ဗီဒီယိုလေး ဘယ်သူမှမတွေ့ဖူးသေးလို့တင်လိုက်တာပါ။ ဂျက်လေးကိုသူ့ညီမလေးရောက်လာတာဟာသူ့အတွက်ပျော်စရာအဖြစ်အပျက်တခု၊လက်ဆောင်တခုရောက်လာသလိုသဘောထားနိုင်အောင်လင်မယားနှစ်ယောက်စီစဉ်ပေးခဲ့ကြတာ။

စိတ်ညစ်စရာတွေနဲ့ကြုံရတိုင်း တချိန်ကငါပျော်ခဲ့ဖူးတယ်ဆိုတဲ့blessingကိုပဲစဉ်းစားတယ်”ဆိုပြီး စိတ်ဓာတ်ကျနေပေမဲ့ အားတက်စရာတွေကိုပဲတွေးတာ အားတင်းဖြတ်သန်းနေကြောင်း ခံစားချက်လေးတွေကိုပါမျှဝေလာခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေထဲက နန်းမြတ်တို့ မိသားစုကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးကို မျှဝေဖော်ပြလိုက် ပါတယ်နော်။

Source – Nann Myat Phyo Thinn

Credit – CeleZone

mdatenews

mdatenews