မြန်မာစကားကို ပီပီပြင်ပြင်ပြောပြီး သူမကိုစပါယ်ရှယ် နှိပ်ကွပ်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့ ဗီဒီယိုလေးကို မျှဝေလာခဲ့တဲ့ အမွန်း …








Souce – Ah Moon

Credit – CeleZone

ပရိသတ်ကြီးရေ အမွန်းကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အမွန်းက ခင်ပွန်းဖြစ်သူနဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက် ထားပြီး ပဲရစ်မြို့မှာနေထိုင်လျှက်ရှိပါတယ်။

အမွန်းကတော့ ခင်ပွန်းဖြစ်သူကိုရောသူ့ကိုရောချစ်ကြတဲ့ ပရိသတ်တွေအတွက် ခင်ပွန်းဖြစ်သူနဲ့ ဗီဒီယိုလေးတွေကို မကြာခနဆိုသလို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ခင်ပွန်းဖြစ်သူက မြန်မာစကားကိုတော်တော်လေးပြောတတ်နေပြီဖြစ်တဲ့အပြင် ဘန်းစကားလုံးတွေကိုပါ ကြားညှပ်သုံ းတတ်နေပြီပြောတတ်နေတဲ့ ဗီဒီယိုလေးကို သဘောကျစွာနဲ့ မျှဝေလာခဲ့ပါတယ်။

ဗီဒီယိုလေးထဲမှာတော့ အမွန်းက အပြင်သွားမယ့်ခင်ပွန်းကို စကားတွေအများကြီးပြောပြီ ရစ်နေတာကြောင့် အမွန်းရဲ့ ခင်ပွန်းက အမွန်းကို “အဖွားကြီး” ဆိုပြီးတော့ ခေါ်ဆိုခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အမွန်းတို့ ဇနီးမောင်နှံရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါ တယ်နော်။

Souce – Ah Moon

Credit – CeleZone

mdatenews

mdatenews