သရုပ်ဆောင် လင်းမြတ်ရဲ့ မင်္ဂလာပွဲကို ရုပ်ဖျက်ပြီးသွားခဲ့ရာမှ မထင်မှတ်ထားတဲ့အဖြစ်အပျက်နဲ့ကြုံတွေ့လိုက်ရတဲ့ ဦးကံပွင့်










Credit ; Cele Only

ပရိသတ်ကြီးရေ MRTV-4 ကနေထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေမှတစ်ဆင့် လူသိများနာမည်ကြီးလာခဲ့တဲ့ သရုပ်ဆောင် လင်းမြတ် ကိုတော့ အားလုံးပဲသိကြမယ်ထင်ပါတယ်။ သရုပ်ဆောင် လင်းမြတ် ဟာ မကြေးစည်ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထား ပါသေးတယ်‌နော်။ မကြာသေးခင်ရက်ပိုင်းလောက်က ချစ်တဲ့သူနဲ့ရွှေလက်တွဲတော့မယ်လို့ မင်္ဂလာဆွမ်း‌ကျွေးပြုလုပ်ခဲ့ပြီး ချစ်တဲ့ပရိသတ်ကို အသိပေးခဲ့တာပါ။

ဒီကနေ့မတ်လ ၂၅ ရက်နေ့မှာ မင်းသား လင်းမြတ် ဟာ ချစ်ရသူနဲ့ ရွှေလက်တွဲသွားခဲ့ပါပြီ။သရုပ်ဆောင် လင်းမြတ် ရဲ့ မင်္ဂလာပွဲကိုတော့ လူရွှင်တော် ကံပွင့် ဟာ သွားရောက်ခဲ့ပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ ” အားလုံးကမကြေးစည်ကြောင့်ပိုးထိပြီးသေတယ်လို့ ပြောကြတာမယုံလို့စုံစမ်းကြည့်တာ သူကရန်ကုန်မှာမဂ်လာတွေဘာတွေဆောင်လို့..ကိုယ်ကမမှတ်မိအောင်ရုပ်ဖျက်သွားတာမရဘူး

သူကဟာအရူးပေါက်ကြီးဆိုပြီးလာနုတ်ဆက်ရင်းဓါတ်ပုံတောင်ရိုက်လိုက်ကြရသေးတယ်….မောင်ရဲမင်နိုင်(ခ)လင်းမြတ်+မခင်စန္ဒာမြင့် တို့ ဇနီးမောင်နှံယနေ့မှစ၍မဂ်လာနှစ်တရာတိုင်ပါစေ” လို့ ဦးကံပွင့် ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။ စာဖတ်ပရိသတ်ကြီးရေ သရုပ်ဆောင် လင်းမြတ် တို့ စုံတွဲလေး သက်ဆုံး တိုင်ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းစကားလေးတွေ ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။

Credit ; Cele Onlymdatenews

mdatenews