သူမအပေါ် အစ်ကိုတစ်ယောက်လို အမြဲသွန်သင်ဆုံးမလေ့ရှိတဲ့ ကျော်ကျော်ရဲ့မွေးနေ့ကို အမှတ်တရပုံးများဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဆောင်းယွန်းစံ
Source – Saung Yoon San
Credit – CeleGabar
ပရိသတ်ကြီးရေ မင်းသားချောတစ်လက်ဖြစ်တဲ့ကျော်ကျော်ကိုတော့ ပရိသတ်တွေ သိရှိပြီးသားဖြစ်မ်ထင်ပါတယ်နော်။ ဒီနေ့ မတ်လ (၂၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော ကျော်ကျော်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေး ပဲဖြစ်ပါတယ်။
ဒီနေ့မှာကျရောက်တဲ့ ကျော်ကျော်ရဲ့ မွေးနေ့ရက်မြတ်လေးအတွက်ကိုတော့ မင်းသမီးချောလေး ဆောင်းယွန်းစံက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။ “Happy Birthday ကိုကြီးကျော် Kyaw Naing Oo. မွေးနေ့မှ စ ချစ်သောသူ ချစ်သော မိသားစုနဲ့ သက်ဆုံးတိုင်ပျော်ရွှင်မှူတွေ ပိုင်ဆိုင် နိုင်ပါစေ။ ဆန္ဒနဲ့ ဘဝ တထပ်တည်းကျပါစေ.. အောင့်မြင်မှူ့တွေ အများကြီးပိုင်ဆိုင်နိုင်ပါစေရှင့်။
ဆောင်းယွန်းနဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတလျှောက်လုံးမှာလဲ အကိုကောင်းပီသစွာ မသိတာတွေရှင်းပြ သွန်သင်ပေးပြီး လက်တွဲ ခေါ်ပေးတဲ့ အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။နောက်ထပ် ဇာတ်လမ်းတွေမှာလဲ ထပ်ဆုံချင်ပါသေးတယ်ကိုကြီး သက်ရှည် ကျန်းမာပါစေ..”ဆိုပြီးဆုတောင်းပေးခဲ့တာပါ။ ပရိသတ်ကြီးတွေလည်း ကျော်ကျော်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။
Source – Saung Yoon San
Credit – CeleGabarmdatenews
mdatenews