ပိုင်တံခွန်နဲ့ သွားရောက် တွေ့ဆုံတဲ့ အချိန်မှာ သူမမြင်တွေ့ခဲ့ရတဲ့ ပိုင်တံခွန်ရဲ့ လက်ရှိ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပြောပြလာတဲ့ မေနွယ်ထွန်း
Credit
ပရိသတ်ကြီးရေ မေနွယ်ထွန်းကတော့ ပရိသတ်တွေချစ်ခင်ရတဲ့ အနုပညာရှင် အမျိုးသမီးတွေထဲကတစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းတွဲတွေမှာလည်းရိုက်ကူးခဲ့သူပါ။မေနွယ်ထွန်းကစိတ်သဘောထားကောင်းပြီး ဖော်ရွေစွာဆက်ဆံတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် အနုပညာရှင်တွေနဲ့ သာမက ပရိသတ်တွေနဲ့လည်း အဆင်ပြေလွန်းလှတဲ့သူတစ်ယောက်ပါ။ဒါ့အပြင် live saleလေးတွေလည်း ရောင်းချလျက်ရှိပြီး အလှူအတန်းတွေကိုတော့အမြဲတမ်းပြုလုပ်လေ့ရှိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်.။
ဒီနေ့မှာတော့ မေနွယ်ထွန်းက သူရန်ကုန်ကိုရောက်တုန်း ပြည်သူအချစ်တော် မင်းသားချောတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း အခုလို ပိုင်တံခွန်နဲ့ တွေ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်စွာနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့တာပါ။ ပိုင်တံခွန်နဲ့ ရင်ရင်းနှီးနှီးကို တွေ့ဆုံခဲ့တဲ့အကြောင်းကို မေနွယ်ထွန်းကအင်တာဗျူးတစ်ခုမှာအခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။
မေနွယ်ထွန်းက ” တစ်ရက်ကျတော့ ဖုန်းဆက်ဖြစ်တယ်။ မတွေ့တာလည်းကြာပြီပေါ့နော်.. တွေ့ကြမယ်၊ မနက်စာသူလိုက်ကျွေးမယ်တဲ့ တွေ့ဖြစ်တာပေါ့နော်။ တွေ့တော့ အရမ်းဝမ်းသာတယ်။ Sweet ကိုမေးတယ်။ အရင်တုန်းကလိုပဲချောသေးလားတဲ့၊ အရမ်းချောတယ်လို့ သူ့ကိုပြောတာ သူအားရှိသွားပြီတဲ့ ….ဒါပေမယ့်လည်း ပိုင်တံခွန်ရဲ့မျက်လုံးထဲမှာခုချိန်ထိ ပျော်ရွှင်နေတဲ့အရိပ်အရောင်တွေကိုမတွေ့ရသေးဘူးလို့ပြောလာခဲ့တဲ့ “မေနွယ်ထွန်းရဲ့အင်တာဗျူးလေးကို အခုလိုပဲတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်.။
Video Credit ; Popular Journal
Creditmdatenews
mdatenews