ကမ္ဘာကျော်အမှတ်တံဆိပ် Balenciaga ရဲ့ တရားဝင် Global Ambassador ဖြစ်လာတဲ့ Han So Hee

မင်းသမီးချောလေး Han So Hee ကတော့ ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားသလို အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုပါပဲ။ သရုပ်ဆောင်လောကကိုခြေမချခင်ကတော့ Han So Hee ဟာ

မော်ဒယ်လ်တစ်ယောက်အနေနဲ့လုပ်ကိုင်ပေမယ့် သိပ်မအောင်မြင်ခဲ့ပါဘူး။ သူကတော့ The World of the Married ကစပြီးတော့ Nevertheless နဲ့

My Name စတဲ့ ဇာတ်ကားတွေကြောင့် တစ်စထက်တစ်စပိုအောင်မြင်လာတာပါ။

Han So Hee ကတော့အခြားသော အနုပညာရှင်တွေလိုပဲ ဖက်ရှင်နယ်ပယ်မှာ ကြိုးစားလာတာ ဖြစ်ပါတယ်။ သိပ်မကြာတဲ့အချိန်အတွင်းမှာပဲ မင်းသမီးကတော့ Balenciaga ရဲ့

Global Ambassador ဖြစ်လာတာပါပြီ။အခုဆိုရင် W သတင်းစာကတော့ သူ့ကို Global Ambassador သုံးနှုန်းခဲ့ပါတယ်။ ဧပြီလထုတ်သတင်းစာမှာတော့ Han So Hee ဟာ

အမိုက်စားဝတ်စုံတွေကိုဝတ်ဆင်ခဲ့ပြီး တောက်ပနေခဲ့ပါတယ်။ သူ့ရဲ့ မြင့်မားတဲ့အရပ် နဲ့ ဓာတ်ပုံစားတဲ့မော်ဒယ်လ်တစ်ယောက်ဖြစ်နေတာကတော့ ငြင်းမရပါဘူး။

လိုအချက်တွေကြောင့်ပဲ အနာဂတ်မှာလည်း ပိုမိုအောင်မြင်လာမယ်လို့ ယူဆရပါတယ်။

Han So Hee ကတော့ ဖက်ရှင်ပိုင်းမှာတင်မက အလှအပနဲ့ပတ်သက်တဲ့နယ်ပယ်မှာလည်း နေရာရယူထားနိုင်တဲ့သူပါ။ သူဟာ နာမည်ကျော်အလှကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Charlotte Tilbury နဲ့ကပတ်သက်ပြီး ကိုရီးယားရဲ့ပထမဆုံး Muse တစ်ယောက်ဖြစ်လာခဲ့သူပါ။

mdatenews

mdatenews