သူမကို စပွန်စာအဖိုးကြီးရဲ့အငယ်အနှောင်းလို့ဝိုင်းသမုတ်နေကြလို့ ချစ်သူရဲ့မျက်နှာကိုတရားဝင်ချပြလိုက်ပြီဖြစ်တဲ့ မြတ်သူသူ






Credit ; Cele Diary

MRTV-4 ဇာတ်လမ်းတွဲလေးတွေကနေ ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့တာကတော့ မင်းသမီးချောလေးမြတ်သူသူပဲဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေတိုင်းမှာပါဝင်သရုပ်ဆောင်သူတိုင်းဟာခဏလေးအတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့တာပါ။ မြတ်သူသူဟာလည်း အောင်မြင်သူတစ်ယောက်ဖြစ်တာကြောင့်မကြာခဏဝေဖန်တိုက်ခိုက်မှုတွေလည်းခံနေရသူတစ်ယောက်ပါ။သူမဟာလူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးပရိသတ်တွေနဲ့မပြတ်ရှိနေတာပါ။

ခေတ်ကာလအခြေနေကြောင့်အနုပညာအလုပ်တွေနဲ့ဝေးနေပေမယ့် သူမရဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေချစ်နေရတာပါ။ ပျော်ရွှင်စရာကောင်းတဲ့ relationship လေးကိုလည်းပိုင်ဆိုင်ထားပြီး အားကျနေရတာပါ။ခုမှာလည်း သူမရဲ့ချစ်သူနဲ့ facebookကနေ relationship ချိတ်လိုက်တာဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ ခုထိကိုယ့်လောကသားချင်းချင်း သူငယ်ချင်းချင်းတောင် နောက်ကွယ်မှာသူကမယားငယ်မို့ မပြရဲတာလေ စပွန်ဆာအဖိုးကြီးမှန်းအသိသာကြီးဘာညာ ပေါင်းစုံကိုမရိုးတက်အောင်ပြောတက်တဲ့ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး လေးများရဲ့ဒဏ်ကိုမခံနိုင်တဲ့အဆုံး တင်ချလိုက်ရပါပြီ။ကွယ်ထားရတယ်ဆိုတာသူအာရုံနောက်နေမှာဆိုးလို့ကွယ်ထားရတာပဲရှိတာ သူ့acc follower တွေ ၈ဝဝလောက်တက်ပြီး cbမှာ တစ်ဟိုင်းဟိုင်းလာလုပ်နေလို့ ဘာလုပ်ရမလဲမေးနေလေရဲ့ဆိုပြီး ရှင်းပြခဲ့တာဖြစ်ပါတယ်။

Credit ; Cele Diarymdatenews

mdatenews