ကူးခဲ့ရတဲ့ပွဲပေါင်းများစွာအဆင်ပြေတဲ့ခရီးလမ်းတွေရှိသလိုအဆင်မပြေကြမ်းတမ်းပြီးတခါတလေသရဲခြောက်ခံရတဲ့နေရာကရှိသေးတေခါတလေဘိတ်သိတ်ပွဲဖြုတ်တာနောက်ကျရင်နောက်တစ်ရွာကိုသွား
Credit
ပရိသတ်ကြီးရေ သရုပ်ဆောင်ဝေဠုကျော်ကမကြာသေးမီကမှ အငြိမ့်မင်းသမီးလေးနဲ့ရွှေလက်တွဲခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာတော့ ပရိသတ်တွေမသိသေးတဲ့ ချစ်ဇနီးလေး ရေကြည်ချမ်းမြအကြောင်းအခုလိုပြောပြလာတာဖြစ်ပါတယ်။ကျွန်တော့်ဇနီးက ဥပဒေ နဲ့ဘွဲ့ရထားပေမဲ့မိဘအမွေဖြစ်တဲ့ အငြိမ့်ကို ကနေတာပါခင်ဗျာကျွန်တော့ဇနီးအကြောင်း တစေ့တစောင်းကုတင်အငြိမ့် နဲ့ အညာမင်းသမီး(၁)ကျမကခဲ့ရတဲ့ အညာကကုတင် အငြိမ့်လို့ခေါ်ပါတယ်။စာရေးဆရာမကြီး၊ဒေါ်ခင်ခင်ထူး ရေးသားထားပုံအရတနည်းအားဖြင့်တောမင်းသမီးပေါ့နော်သွားခဲ့ရဖူးတဲ့ရွာပေါင်းယနေ့အချိန်ထိဆိုရင်ပွဲပေါင်းထောင်ချီရှိလိမ့်မယ်ထင်တယ်။
များသောအားဖြင့်အညာကအလှူပွဲတွေမှာညလုံးပေါက် နီးပါးဖျော်ဖြေရတယ်ဆိုပါတော့နောက်ကဆိုင်းဝိုင်းနဲ့ရှေ့က ကုတင်ပေါ်မှာမင်းသမီးတစ်ယောက် လူရွှင်တော်၂/၃ယောက်ပါတယ်လေ၊ညဦးပိုင်းအစဆိုင်းတီပီးတာတဲ့ကလေအုန်းပေါ့မိုးလင်းနီးပရိတ်သတ်ကလည်းမထဘူးလေမနက်ကြပြန်တော့လည်း၁၁နာရီနောက်ပိုင်းလောက်ကနေကလိုက်ပြန်ရောဘိသိတ်ဆရာနဲ့ အပြိုင်နွှဲ၊အောင်ပါစေ အလှူတော်ပွဲကြီး အောင်ပါစေညွှန့်ဝေဝေ သပြေပန်းနဲ့ညနေ ၄နာရီလောက်ရောက်တာနဲ့ကျမတို့တွေကူးရပြန်ပီပေါ့
နောက်တရွာကိုအမေတို့ခေတ်ကလှည်းတခေတ်ကျမတို့ခေတ်ကျ လှည်းကိုခနပဲစီးလိုက်ရတယ်ဆိုင်ကယ်ခေတ်ကားခေတ်ကိုရောက်လာပြန်ပါသကောမနေမနား မအားမလပ်တစ်ရွာဝင်လို့ တစ်ရွာထွက်ပြာပြာသလည်း ကူးခဲ့ရတဲ့ပွဲပေါင်းများစွာအဆင်ပြေတဲ့ခရီးလမ်းတွေရှိသလိုအဆင်မပြေကြမ်းတမ်းပြီးတခါတလေသရဲခြောက်ခံရတဲ့နေရာကရှိသေးတေခါတလေဘ်ိတ်သိတ်ပွဲဖြုတ်တာနောက်ကျရင်နောက်တစ်ရွာကိုသွားလိုက်ရတာအမှောင်နဲမဲမဲတောတွေတောင်တွေဖြတ်ရတာကရှိသေးတစ်ခါတလေဆိုင်ကယ်ပျက်လို့ကားပျက်လို့ရွာကကြိုရတာရှိသေးပွဲကချိန်နောက်ကြရင်တော့ပွဲဌားတာဝန်ခံနဲ့နှောင်ဂျိမ်ပလေး(စကားတေတယောက်တခွန်းမျိားကြတာ)
ဒါပေမဲ့သူတို့ချစ်တဲ့မင်းသမီးကိုကြည့်ချင်ဇောဂရုဏာသောသောပြောတာပါပြောဆိုပီးသကာလာဒီညအမှီ မိတ်ကပ်တွေလိမ်းဆံထုံးတွေထုံးပြီးနောက်တွေ့တဲ့ဆိုင်းနဲ့ကရပြန်ပါရောချစ်တဲ့ကိုကိုရေဒီမှာခေါ်နေတယ်ကြိုက်တဲ့ကိုကိုရေ၊ညအငြိမ့် ပြီးပြန်ပြီလေ။နောက်နေ့မနက် ကရမှာကအငြိမ့်တဲ့နော်ဆိုကျမတို့ပျော်ပီလေစောစောထွက်ပြီးစောစောသိမ်းချင်တာကိုးကပြီးတာနဲ့တပြိုင်ထဲကဲနောက်တရွာ နောက်ပွဲကိုထပ်ကူးကြပြန်ပါရောတဲ့ရှင်ဒီလိုကခဲ့ရတဲ့ညတွေဒီလိုဆိုခဲ့ရတဲ့ညတွေကိုသတိရတယ်ဆိုတာထက်လွမ်းတယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။
Creditmdatenews
mdatenews