လုပ်အားခရတဲ့ ချွေးနည်းစာငွေလေးကို နွမ်းပါးသူတွေအတွက် အာဟာရ ဒါန အလှူလေး ပြုလုပ်ခဲ့တဲ့ မေနွယ်ထွန်း

လုပ်အားခရတဲ့ ချွေးနည်းစာငွေလေးကို နွမ်းပါးသူတွေအတွက် အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ မေနွယ်ထွန်း

ပရိသတ်ကြီးရေ မေနွယ်ထွန်းကတော့ ရိုးသားပြီးပွင့်လင်းလှတဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားပြီး လူတန်းစားမရွေးဖော်ရွေစွာဆက်ဆံတတ်တာကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့

ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဆွိကတော့ စိတ်ထားလည်းကောင်းသလို အလှူအတန်းတွေကိုလည်း ရက်ရောစွာနဲ့ လှူဒါန်းပေးတတ်ပါသေးတယ်။

ဒီနေ့မှာလည်း ဆွိက သာဓု အကြိမ်ကြိမ်ခေါ်ဆိုရလောက်အောင်ကို မွန်မြတ်လွန်းလှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပြီး အလှူလေးအတွက် သူကိုယ်တိုင်လည်း ပီတိဖြစ်နေခဲ့ပါတယ်။

အလှူလေးကတော့ စားဝတ်နေရေးအကျပ်အတည်းအခက်အခဲဖြစ်နေပြီး ချို့တဲ့တဲ့ ပြည်သူတွေအတွက် ဝက်သားနှပ်၊ ငရုပ်သီးကြော်၊ ပဲကုလားချဉ်ရည်ဟင်းတို့ကို လိုက်လံလှူဒါန်းပေးခဲ့တဲ့အလှူလေးပဲဖြစ်ပါတယ်။

ဆွိကတော့ ဒီအလှူလေးကို သူ့ရဲ့လုပ်အားခရရှိတဲ့ ချွေးနည်းစာငွေလေးတွေနဲ့ ပြုလုပ်ခဲ့တာလို့လည်း သိရှိရပါတယ်။ CeleGabar ပရိသတ်ကြီးရေ ဆွိရဲ့

ချွေးနည်းစာငွေလေးကို ကိုယ်ကျိုးအတွက်တောင်မသုံးပဲ ခက်ခဲနေတဲ့သူတွေအတွက် ဟင်းလှူဒါန်းပေးတဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကို လေးစားထိုက်လှပါပေတယ်နော်။

Source – May Nwe Htun

Chilli – CeleGabar

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – May Nwe Htunmdatenews

mdatenews