သူ့ရဲ့လက်ရှိပုံရိပ်လေးကိုပြသရင်း ချစ်တဲ့ပရိတ်သတ်တွေအတွက် ဝမ်းသာစရာစကားလေးလက်ဆောင်ပါးလိုက်တဲ့ မင်းသားကြီးလူမင်း
Source: Lu Min
Credit ; Cele Info
အကယ်ဒမီလူမင်းကတော့ မြန်မာရုပ်ရှင်လောကမှာ ပိုင်နိုင်စွာသရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကို အခိုင်အမာယူထားနိုင်သူ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေးအခြေအနေကြောင့် ပြည်သူနဲ့အတူရပ်တည်ခဲ့ကြတဲ့ နာမည်ကြီး မင်းသား မင်းသမီးအကုန်လုံးကို စစ်အကြမ်းဖက်အဖွဲ့အစည်းဘက်ကနေ ဖမ်းဆီးထားခဲ့တာ ပဲဖြစ်ပါတယ်နော်..
အချိန်အတော်ကြာဖမ်းဆီးခံခဲ့ရပေမယ့်မကြာသေးခင်ရက်ပိုင်းတွေတုန်းကမှ ပြန်လည်လွတ်မြောက်ခဲ့တာပါ။ သူဟာ လွတ်မြောက်ပြီးနောက်ပိုင်း ပရိသတ် တွေနဲ့ မတွေ့ဆုံသေးပဲ မိသားစုကိုသာ အချိန်ပေးနေခဲ့ တာပါ။လူမင်းကို ချစ်တဲ့ ပရိသတ် တွေ ကလည်း သူ့ကိုမျှော်နေ ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု တစ်ခါမှာတော့ သူရဲ့ pageလေးတစ်ခုကနေ ပရိသတ်တွေအတွက်စာလေးရေးပြီး ပရိ သတ်တွေရှေ့ကို ပြန်ရောက်လာမယ့် အကြောင်း ပြောကြား ခဲ့တာပါ။
” မင်္ဂလာပါ အန်ကယ်လေးကို အရင်လို အားပေးကြ အုံးမှာလား ၊ဒီရက်ပိုင်း တစ်ယောက်ချင်းစီတိုင်းကို စာမပြန်နိုင်တာ ကိုခွင့်လွှတ်နားလည်ပေးကြပါနော် ” ဆိုပြီး သူ့ရဲ့ဖန် pageလေးကနေပုံလေးနဲ့အတူ ​ပြောပြလာတာခဲ့တာကို အန်ကယ်လေးကိုချစ်တဲ့ ပရိသတ် ကြီးတို့အတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။မတွေ့ရတာ ကြာပြီဖြစ်တာကြောင့်ပရိသတ်တွေကလည်းကိုလူမင်းကိုနှုတ်ဆက် စကားလေးတွေ ပြောသွားကြပါဦး။ဖတ်ရှု အားပေးခဲ့တဲ့ ပရိသတ်တစ်ယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်နော်။
Source: Lu Minmdatenews
mdatenews