မိုးဟေကို နေ့တိုင်းလုပ် တဲ့ ယောဂလေ့ကျင့်ခန်း (၄)မျိုဒီတစ်ပတ်တော့ မိုးကိုယ်တိုင်လည်း ဝါသနာ ပါပြီး စိတ်တည်ငြိမ်မှုနဲ့ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုအတွက် အထောက် အကူဖြစ်စေတဲ့ Yoga ကစားနည်းလေးကို ချစ်တဲ့ပရိသတ်တွေနဲ့ Moeriansလေးတွေအတွက် Sharing လုပ်ပေးလိုက်ပါတယ်။
မိုးလည်း ကျွမ်းကျင် အဆင့်မဟုတ်ပေမဲ့ စိတ်ရှည်ရှည် နဲ့ ကစားခဲ့တာနှစ်အနည်းငယ်ကြာခဲ့ပါပြီ။ ဒီလိုပဲအားကစားနဲ့ ပတ်သက်ရင် တစ်ခုမဟုတ်တစ်ခုကို စိတ်ရှည်ရှည်နဲ့ အမြဲဆော့ဖြစ်တယ်၊ အချိန်ပေးဖြစ်တယ်။ဒါကလည်းလှပဖို့ဆိုတာထက် ခန္ဓာကိုယ်ကျန်းမာဖို့ကို အဓိကဦးစားပေးတာပါ။ နောက်လည်း မိုး ကစားဖြစ်တဲ့ အားကစားနည်းလေးတွေကိုသိသလောက် ပြောပြပေးသွားပါမယ်ရှင့်။
ပုံတစ်ပုံချင်းစီမှာ ကစားဖို့နည်းလမ်းလေးတွေရေးပေးထားလို့စ်ပုံချင်း ထောက်ကြည့် ပေးနော်။ယေ ာဂလေ့ကျင့် န်းထဲမှာပါတဲ့ အကြောလျှော့တဲ့လေ့ကျင့်ခန်းက နာတာရှည်ဝေဒနာဖြစ်ပွားစေနိုင်တဲ့ အခြေအနေတွေကို လျှော့ချပေးနိုင်ခြင်းစိတ်လက်ပေါ့ပါးစေခြင်းကြွက်သားနဲ့ အရွတ်တွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေခြင်းနာကျင်မှုကိုသက်သာစေခြင်း စတဲ့ အကျိုးတွေဖြစ်ပေါ်စေတဲ့အပြင်ပုံမှန်ကစားပေးမယ်ဆိုရင် တစ်ရှူးတွေကိုအထေ ာက်အပံ့ဖြစ်စေတဲ့ ချောဆီကို ထုတ်လုပ်ပေးနိုင်ပြီး ကြွက်သားတွေကို ပိုမိုသက်သောင့်သက်သာနဲ့သန်မာစေနိုင်ပါတယ်။
Side Plank – ဘေးတိုက် Plank ထောက်ခြင်း လှုပ်ရှားမှုတိုင်းမှာ ခန္ဓာကိုယ်ဟန်ချက်ညီစေဖို့ အထောက်အကူဖြစ်စေခြင်းခန္ဓာကိုယ် ဝမ်းဗိုက်ရှိ ကြွက်သားများကို သန်မာစေခြင်း ပေါင်အတွင်းပိုင်းကြွက်သားများကို ပြေလျော့စေပြီး တင်ပါးကြွက်သားများ စွင့်ကားစေခြင်းခြေထောက်နှင့် လက်များအားပိုမိုသန်မာစေခြင်း ခန္ဓာကိုယ်လှုပ်ရှားမှုများအား ပိုမိုလျင်မြန်ဖျတ်လတ်စေခြင်းRevolved side angle pose(Parivrtta Paesavakonasana) – တစ်ပတ်လှည့်ကိုယ်ဟန်အနေအထားခြေထောက်၊
ဒူး နဲ့ ခြေကျင်းဝတ်ရှိတဲ့ အကြောများကိုပြေလျော့စေပြီး သန်မာစေခြင်း ပေါင်ခြံ၊ ကျောရိုး၊ ရင်ဘတ်၊ အဆုတ် နဲ့ ပုခုံးကြောများကို ပြေလျော့စေခြင်း ဝမ်းဗိုက်အတွင်းသားများကိုလှုံ့ဆော်ပေးခြင်း သက်လုံအားကောင်းစေခြင်း အစာခြေစနစ်နဲ့ ကိုယ်ခံအား ကောင်းစေခြင်း ခန္ဓာကိုယ်ဟန်ချက် ညီမျှစေခြင်းWarrior IIIPose (Virabhadrasana III) –
စစ်သည်ဟန် အနေအထားခန္ဓာကိုယ်တစ်ခုလုံးကို တည်ငြိမ်အောင် ထိန်းထားပေးနိုင်ခြင်း ခြေဖဝါးနဲ့ခြေချင်းဝတ်မှာရှိတဲ့ ကြွက်သားလေးတွေကို သန်မာစေခြင်း ခါး၊ ကျောနဲ့ ဝမ်းဗိုက်ကြွက်သားများကိုလည်း သန်မာစေခြင်း ခန္ဓာကိုယ်ဟန်ချက်ကိုထိန်းချုပ်နိုင်သည့်အတွက် မတော်တဆလဲကျခြင်း၊ ချော်လဲခြင်း မှ ကာကွယ်ပေးနိုင်ခြင်း Bandhas Yoga နည်းပညာဖြစ်ပြီး ကိုယ့်ခန္ဓာကိုထိန်းနိုင်ခြင်း၊ပေ့ါပါးစေခြင်း ခန္ဓာကိုယ်ကို အနေအထားတစ်ခုတွင် ကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်း
CRD:Owner writing
mdatenews
mdatenews