ညောင်ဦးခရိုင်က သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေဂါလံပေါင်း(၁၆၀၀၀) ဂါလံကို လှူဒါန်းပေးသွားမယ့် မျိုးမင်းစိုး

ပရိသတ်ကြီးရေ မျိုးမင်းစိုးကတော့ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ရပ်တည်နေတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက်အပြင် အလှူအတန်းတွေကိုလည်း

ရက်ရောစွာလှူဒါန်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက ချီးကျူးကာအချစ်ပိုနေရတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။အလှူအတန်းရက်ရောလှတဲ့ ဒီဇိုင်နာမျိုးမင်းစိုးကတော့ လတ်တလောမှာ

ရေပြတ်လပ်နေတဲ့ ဒေသကပြည်သူတွေအတွက် ရေလှူဒါန်းတဲ့ အလှူတစ်ခုပြုလုပ်သွားဖို့ စီစဉ်နေခဲ့တယ်လို့ သိရှိရပါတယ်။ အလှူကတော့ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အတွင်း

သောက်သုံးရေရှားပါးသော ကျေးရွာများသို့ သူကိုယ်တိုင်ဦးစီးပြီး သူ့ရဲ့ သင်တန်းသူ ၊ တပည့်များ၊ မိတ်ဆွေသူငယ်ချင်းအလှူရှင်များအဖွဲ့မှ ရေရှားပါးသော ဒေသခံပြည်သူများထံသို့ (26.3.2022)ရက်နေ့တွင်

တစ်စီးရေဂါလံ(၁၆၀၀)ပါရေကား အစီး(၄၀)နဲ့ သွားရောက်လှူဒါန်းပေးမှာပါတဲ့။ရေအလှူမှာတော့ မျိုးမင်းစိုးက ရေကား(၁၀)စီးစာ (စုစုပေါင်းရေဂါလံ ၁၆၀၀၀)ကို ရေကုသိုလ်ဖြင့်ပါဝင်လှူဒန်းထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မျိုးမင်းစိုးကတော့ ရေအလှူလေးသွားရောက်လှူဒါန်းတဲ့နေ့မှာလည်း သူကိုယ်တိုင် ရေရှားပါးသောကျေးရွာများသို့သွားရောက်လှူဒါန်းသွားမှာပါတဲ့။

Source – Myo Min Soe

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Myo Min Soe
mdatenews