ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် နို့မှုန့်ဘူးတွေလှူဒါန်းပေးတဲ့ ပီတိဖြစ်ဖွယ် အလှူမှတ်တမ်း ဗီဒီယိုလေးကို မျှဝေခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ လတ်တလောမှာ သူ့ထံလာရောက်လှူဒါန်းပေးထားတဲ့ ကလေးနို့မှုန့်ဘူးတွေကို ပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။

စေတနာရှင်တွေက ခိုင်နှင်းဝေထံ နို့မှုန့်ဘူး (၁)သောင်း တန်ဖိုးငွေ သိန်း (၃၅၀၀ခန့်)ကို လာရောက်လှူဒါန်းပေးထားခဲ့တာဖြစ်ပြီး ခိုင်နှင်းဝေကတော့ လိုအပ်နေတဲ့သူတွေအတွက် ပြန်လည်မျှဝေခဲ့တာပဲဖြစ်ပါတယ်။

နို့မှုန့်ဘူး (၁)သောင်းကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မိဘမဲ့ ဂေဟာများနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် ကလေးတစ်ယောက်ကို (၂)ဘူးနှုန်းနဲ့ လှူဒါန်းပေးမှာဖြစ်တယ်လို့လည်း

သိရှိရပါတယ်။ခိုင်နှင်းဝေကတော့ နို့မှုန့်ဘူးလှူဒါန်းမှုကို မနေ့က မတ်လ (၂၂)ရက်နေ့မှာ သာကေတတိုင်းရင်းသားကျေးရွားအနီးရှိ အိမ်ထောင်စုများကိုစတင်သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ လှူဒါန်းနေတဲ့ မှတ်တမ်းဗီဒီယိုလေးကို မျှဝေခဲ့ပြီး ဒီဗီဒီယိုလေးကို ကြည့်ရှု့ပြီး ပီတိဖြစ်ဖွယ်အလှူလေးကို ပရိသတ်တွေလည်း မြင်ရကြားရပြီး

သာဓုခေါ်ဆိုကာ ပီတိကုသိုလ်တွေထပ်တူ ရရှိစေဖို့ သူ့ရဲ့လူမှုကွန်ရက်ကနေ မျှဝေထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ ပီတိဖြစ်ရတဲ့ အလှူဗီဒီယိုလေးကိုကြည့်ပြီး ပီတိကုသိုလ်တွေရရှိကြပါစေနော်။

Source – Khine Hnin Wai,

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wa

mdatenews

mdatenews