တော်ရုံလူတွေဖြစ်လေ့ဖြစ်ထမရှိတဲ့ ထူးထူးဆန်းဆန်းမက်တဲ့သူမရဲ့အိမ်မက်အကြောင်းကိုစိတ်ဝင်စားဖွယ်ပြောပြလာတဲ့ တင်ဇာမော်
Source-Tin Zar Maw
Credit ; CeleChitThu
ပရိတ်သတ်ကြီးရေနိုင်ငံ‌ကျော် အဆိုတော် တင်ဇာမော်ကတော့ သီချင်းတွေကို အသံပါဝါ အားကောင်းကောင်းနဲ့ ပရိတ်သတ်တွေ ရင်ထဲရောက်အောင် ဖမ်းစားနိုင်တဲ့သူပဲ ဖြစ်ပါတယ်နော်။ သူကိုယ်တိုင်လည်း သီချင်းတွေကို ရေးသားသီဆိုတဲ့သူတစ်ယောက် ဖြစ်ပြီး သူရဲ့သီချင်းများကလည်း ‌ယနေ့တိုင် အောင်မြင်မှု ရရှိနေဆဲ ဖြစ်ပါတယ်။တင်ဇာမော်က သွက်လက်ထက်မြက်ပြီး စကားပြောဆိုရာမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူလည်း ဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း တင်ဇာမော်က အခုချိန်ထိ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ လက်ခံရရှိထားတာပဲ ဖြစ်ပါတယ်နော်။အခုလည်း သူမက်ခဲ့တဲ့အိပ်မက်အကြောင်းကို သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာကနေ ခုလိုရေးသားဖော်ပြလာတာပဲ ဖြစ်ပါတယ်။ သူအိပ်မက်မက်ခဲ့တဲ့ အကြောင်းကို “ထူးထူးဆန်းဆန်း… လွန်ခဲ့တဲ့ ရက်အနည်းက မနက်မိုးလင်းလုချိန်နိုးတစ်ဝက်အိပ်မက်တယ်… ပြုံးလိုက် တွေးလိုက် ပြန်ပြုံးလိုက်နဲ့ အသံမထွက်‌ မျက်လုံးမဖွင့်ပေမယ့် သဘောကျပြီး ရယ်နေပြုံးနေတယ်ဆိုတာ အသိလည်းရှိနေတယ်… ၄-၅မိနစ်လောက်ကြာမယ်ထင်တယ်… အဲ့လို အိပ်မက်အရမ်းကို မက်ခဲတယ်…
ပြန်နိုးလာလို့ အတော်ကြာမှ သတိတရနဲ့စဉ်းစားမိတော့ ရယ်လို့မဆုံးဖြစ်နေတာ ဘာအကြောင်းအရာမှန်းလုံးဝ မမှတ်မိတော့ဘူး…အရမ်းသဘောကျပြီး ရယ်လိုက် တွေးလိုက် ပြုံးလိုက် ဖြစ်နေတာပဲ မှတ်မိတော့တယ်…အဲ့လိုမက်ဖူးကြလား ဖြစ်ဖူးကြလားဟင်… ဘာအဓိပ္ပါယ်များလဲလို့လည်းပဲ သိချင်မိတယ်….” ဆိုပြီး ရေးသားထားပါတယ်။ ပရိတ်သတ်ကြီးရေ တင်ဇာမော် မက်ခဲ့တဲ့အိပ်မက်အကြောင်းကို ခုလို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ အဲ့လို အိပ်မက်မျိုး မက်ဖူးကြလား….ဖြေပေးသွားကြပါဦးနော်။mdatenews
mdatenews