သူမဝတ်ထားတဲ့စကပ်ပြဲနေမှန်းတောင်မသိပဲ နေပူထဲမှာပို့စ်အမျိုးမျိုးပေးပြီးပဲတွေများကာ အလှပုံတွေရိုက်ခဲ့မိတဲ့ Alice Ong









Source-Alice Ong

Credit ; CeleChitThu

ပရိတ်သတ်ကြီးရေ Alice Ong ကတော့ ချစ်စရာ အမူအရာလေး‌တွေကြောင့် ပရိတ်သတ်‌တွေ အချစ်ပိုရတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ချိုသာတဲ့အပြုံးလေးတွေ ဖော်ရွေပျူငှာတဲ့ စိတ်ထားလေးတွေကြောင့် အနုပညာရှင်တွေရဲ့ ချစ်ခင်မှုကိုပါ လက်ခံရရှိထားသူလည်း ဖြစ်ပါတယ်။

သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးနဲ့အတူ မြင်သူချစ်မိစေတဲ့ သူရဲ့အလှက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒီနေ့မှာ Alice ကတော့ သူ့ရဲ့မိခင်ဖြစ်သူနဲ့အတူ အပြင်သွားခဲ့တဲ့ အကြောင်းကို “မေမေနဲ့အပြင်သွား ပူတယ်ရှင့် အမေပျော်တော့ တို့လဲပျော်ပါတယ်” ဆိုပြီး သူရဲ့ အလှဓာတ်ပုံလေးတွေကို လူမှုကွန်ယက် စာမျက်နှာကနေ ဖော်ပြထားပါတယ်။

ပုံလေးတွေထဲမှာတော့ Alice က သူရဲ့ Leather စကပ်‌ပြဲနေခဲ့တာကို သူကိုယ်တိုင်လည်း ပုံတွေပြန်ကြည့်မှသိခဲ့တဲ့အ‌ကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်းနဲ့ ရယ်မောပြီး သူကိုယ်တိုင် ပြောပြထားပါတယ်။ပရိတ်သတ်ကြီးရေ Alice ရဲ့ ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ပုံလေးတွေ ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

Source-Alice Ong

Credit ; CeleChitThumdatenews

mdatenews