သူမရန်ကုန်ရောက်တဲ့အခါတိုင်း ပြည်သူ့မင်းသားလေးပိုင်တံခွန်နဲ့သွားတွေ့ဖြစ်ကြောင်း ဗီဒီယိုလေးရိုက်ပြီး ကြွားလုံးထုတ်လိုက်တဲ့ မေနွယ်ထွန်း







Source – May Nwe Htun

Credit – CeleZone

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် မေနွယ်ထွန်း (Sweet )ကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပိုင်တံခွန်နဲ့ တွေ့ဆုံခဲ့ကြောင်းမျှဝေဖော်ပြလာခဲ့ပါတယ်။ Sweet ကတော့ စိတ်သဘောထားကောင်းပြီး ဖော်ရွေစွာဆက်ဆံတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် အနုပညာရှင်တွေနဲ့ သာမက ပရိသတ်တွေနဲ့လည်း အဆင်ပြေလွန်းလှတဲ့သူတစ်ယောက်ပါ။

ဒီနေ့မှာတော့ Sweet က သူရန်ကုန်ကိုရောက်တုန်း ပြည်သူအချစ်တော် မင်းသားချောတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း အခုလို ပိုင်တံခွန်နဲ့ တွေ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်စွာနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့တာပါ။ ပိုင်တံခွန်နဲ့ ရင်ရင်းနှီးနှီးကို တွေ့ဆုံခဲ့တာကြောင့် မိန်းကလေးပရိ သတ်တွေကတော့ Sweet ကို အားကျနေခဲ့ကြပါသေးတယ်။

အကြောင်းမဲ့ အပြစ်ပြောတတ်သူတွေကတော့ ဝေဖန်နေတာတွေရှိနေပေမဲ့လည်း Sweet ကတော့ “နှစ်ယောက်လူံးချစ်တယ်ဆို ပျော်ပါပြီ။ ပေါ်ပင်မဟုတ် အရင်ကတည်းက အရမ်းခင်ခဲ့ကြတာ မောင်နှမလိုမျိုးမို့ ချစ်သောမျက်စိနဲ့ ကြည့်ပေးကြတဲ့တစ်ယောက်ချင်းစီတိုင်း ကျေးဇူးပါရှင်” ဆိုပြီးတော့လည်း ချေပထားခဲ့ပါတယ် ပရိသတ်ကြီးရေ။

Source – May Nwe Htun

Credit – CeleZonemdatenews

mdatenews